လက်နက်ကြီးထုခံရတဲ့ဘုရားကျောင်းနားမှာ စစ်ကားမှောက်လို့ ၁ ယောက်သေ၊ ၅ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က ကန်ပက်လက်နှစ်ခြင်းဘုရားကျောင်းရှေ့မှာ မနေ့ အောက်တိုဘာလ ၄ ရက် ညနေ ၄ နာရီလောက်က စစ်ကားအသေးတစ်စီးမှောက်သဖြင့် ၁ ယောက်သေကာ ၅ ဦးဒဏ်ရာရသွားတယ်လို့ဒေသခံတွေဆီကနေသတင်းရရှိပါတယ်။

စစ်ကောင်စီတပ်တွေဟာ ညအချိန်ကင်းချဖို့ တပ်ကုန်းကနေ မြို့ထဲကိုဆင်းလာတဲ့ချိန် ကန်ပက်လက်နှစ်ခြင်းဘုရားကျောင်းအနီး လမ်းကွေ့ ကတ္တရာလမ်းပေါ်တွင် တိမ်းမှောက်သွားတာဖြစ်ပါတယ်။

ဒေသခံတစ်ဦးက “တစ်ဦးပွဲချင်းသေသွားတယ်။ ၄၊ ၅ ယောက်က ဆေးရုံဘက်ကိုခေါ်သွားကြတယ်။ ဆေးရုံကလည်း ပိတ်ထားတယ်ဆိုတော့ သူတို့ဘယ်လိုကုကြမလဲမသိဘူး” လို့ ပြောပါတယ်။

ဇူလိုင်၊ သြဂုတ်လတုန်းက စစ်ကောင်စီတပ်တွေက မြို့ထဲမှာ လက်နက်ကြီး သေနတ်တွေ ရမ်းသမ်းပစ်ခတ်လို့ ကန်ပက်လက်နှစ်ခြင်းဘုရားကျောင်းဟာ လက်နက်ကြီးထိမှန်ခဲ့ဖူးပါတယ်။

Zawgyi






နောက်ဆုံးရသတင်းများ

ဘူးသီးတောင်မြို့နယ်မှာ မြိုအမျိုးသားနှစ်ဦး တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေ

၁၇၊ မလေ၊ ၂၀၂၄ Zalen ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာအမျိုးသား တစ်ဦးဆီ အပ်နှံထားတဲ့ နွားတွေကို သွားကြည့်တဲ့ မြိုအမျိုးသား နှစ်ဦး တစ်ပတ်ကျော်ထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံဆီက သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ...

ဆက်ဖတ်ရန်