လမ်းဇန်ကျေးရွာတွင် ခရစ်ယာန်ဘာသာ နှစ်တစ်ရာပြည့်ပွဲအထိမ်းအမှတ် သစ်ပင် ၁၆၀၀ စိုက်ပျိုး

လမ်းဇန်ကျေးရွာတွင် ခရစ်ယာန်ဘာသာ နှစ်တစ်ရာပြည့်ပွဲအထိမ်းအမှတ် သစ်ပင် ၁၆၀၀ စိုက်ပျိုး

တီးတိန်မြို့ နဲ့သုံးမိုင်အကွာ လမ်းဇန်ကျေးရွာတွင် ခရစ်ယာန်ဘာသာနှစ် တစ်ရာပြည့်ပွဲအထိမ်းအမှတ်အနေနဲ့ ခါတော်မှီသစ်ပင် ၁၆၀၀ ကို ဇွန်လ ၂၄ ရက်တွင်စိုက်ပျိုးကြပါတယ်။

လမ်းဇန်ရွာသား ပူးဒမ်လျန်ဟာ ၁၉၂၀ ခုနှစ်တွင် ခရစ်ယာန်ဘာသာကိုယုံကြည်လက်ခံခဲ့ပါတယ်။ ယင်းအတွက် နှစ် ၁၀၀ ပြည့်ပွဲကို ၂၀၂၀ ခုနှစ် မတ်လတွင် ကျင်းပသွားဖို့ရှိပါတယ်။

လမ်းဇန်ရွာ ခရစ်ယာန်ဘာသာနှစ် ၁၀၀ ပြည့်ပွဲဖြစ်မြောက်ရေးကော်မတီ ညိုနှိုင်းရေးမှူး ကိုခုပ်ရှန်ပေါင်က “နောက်နှစ်မှာကျင်းပမယ့် နှစ် ၁၀၀ ပြည့်ပွဲကိုရည်စူးပြီးစိုက်တာပါ။ တခြားပွဲတွေကတော့ ဝက်သတ်ပြီးတော့ကုန်သွားတယ်။ အခုကတော့ ပွဲရဲ့ ရလဒ်တစ်ခုထွက်လာတယ်လို့ပြောရမှာပေါ့။ လမ်းဇန်က ရိကားလမ်းပေါ်မှာရှိပြီးတော့ တီးတိန်နဲ့ သုံးမိုင်ပဲဝေးပါတယ်။ အဲ့ကားလမ်းဘေးတလျှောက် အပင်တွေစိုက်ထားတယ်။ လူငယ်တွေသာမက ဘာသာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေလည်း ပါဝင်ကြတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးက အပင်ထိန်းသိမ်းဖို့တာဝန်ယူမယ်လို့လဲပြောတယ်” လို့ပြောပါတယ်။

Zalen ad

ပျိုးပင်တွေကို Thomas Gold Co.ltd & Thomas Money Changer ကအခမဲ့လှူဒါန်းထားပါတယ်။

နောက်ဆုံးရသတင်းများ

ရုရှား-အာဆီယံ ထိပ်သီးပွဲမှာ မြန်မာအမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေး

ဇွန် ၁၉၊ ၂၀၂၆Zalen ရုရှားနိုင်ငံ ကာဇန်မြို့မှာ လုပ်ခဲ့တဲ့ အာဆီယံ-ရုရှား ထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ လူကိုယ်တိုင် လက်ဆွဲနှုတ်ဆက် တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်