လမ်းမှာဗွတ်ထလို့ ၃ ညအိပ်နဲ့သွားခဲ့ရတဲ့ မုံရွာ-ကလေးဝကြား မဟာမြိုင်လမ်း

ကလေး-ဂန့်ဂေါ-ပုလဲကြားကားလမ်းမှာ တိုက်ပွဲမကြာခဏဖြစ်လို့ မလုံခြုံတော့တာကြောင့် အရင်ပတ်လောက်ကစပြီး ကလေးဝ-မုံရွာဘက်ကနေသွားတဲ့ မဟာမြိုင်လမ်းကနေ ကားတွေသွားလာကြပါတယ်။

ကတ္တရာလမ်းမရှိတဲ့ မဟာမြိုင်လမ်းထဲမှာ ချင်းပြည်နယ်မြောက်ပိုင်းနဲ့ ကလေးကဘော်ဒေသအတွက်ကုန်ပစ္စည်းတင်တဲ့ ကားကြီးကားလေးတွေဟာ ရွံ့ဗွတ်တွေကြားမှာ ရုန်းနေကြပါတယ်။

မန္တလေး-ကလေးမြို့ကြားပြေးဆွဲတဲ့ ရွှေလွင်ပြင်ယာဉ်လိုင်း ယာဉ်မောင်း ကိုအောင်အောင်က “ကားလမ်းက ကလေးဝအကျော်လောက်ကစပြီးဆိုးတယ်။ ကြားကတော့ တောက်လျှောက်ဗွတ်တွေကြီးပဲ။ မိုးရွာရင်တော့ ပိုဆိုးတယ်။ ပြီးတော့ ရွှေဘိုနားလောက်မှပြန်ကောင်းတယ်။ ရှေ့မှာကားတစီး နစ်နေရင်မလွယ်ဘူး။ မန္တလေးကနေ ကလေးကို ၃ညအိပ်၊ ၄ ရက်ခရီးနဲ့ရောက်လာခဲ့တယ်။ ကားတွေရုန်းမရရင်ထွန်စက်တွေကို ၂ သိန်းနဲ့ငှားပြီးဆွဲခိုင်းတယ်။ ကားကြီးတွေကတော့ ဆွဲမရတော့ မြန်မြန်သွားလို့မရဘူး။ လမ်းခရီးမှာကြန့်ကြာတော့ တန်ဆာခနဲ့တွေမြင့်သွားတာပေါ့” လို့ပြောပါတယ်။

ကလေးဝ-မုံရွာကြား ယာကြီးလမ်းကို အိန္ဒိယအစိုးရက ချစ်ကြည်ရေးစီမံကိန်းမှာ တဝက်တပျက်တည်ဆောက်ထားတဲ့ လမ်းရှိပေမယ့် လက်နက်ကိုင်တွေတိုက်ပွဲဖြစ်ပွားရှိလို့မသွားရဲကြပါ။

Zawgyi

လမ္းမွာဗြတ္ထလို႔ ၃ ညအိပ္နဲ႔သြားခဲ့ရတဲ့ မံုရြာ-ကေလးဝၾကား မဟာျမိဳင္လမ္း

ကေလး-ဂန္႔ေဂါ-ပုလဲၾကားကားလမ္းမွာ တုိက္ပြဲမၾကာခဏျဖစ္လုိ႔ မလံုျခံဳေတာ့တာေၾကာင့္ အရင္ပတ္ေလာက္ကစၿပီး ကေလးဝ-မံုရြာဘက္ကေနသြားတဲ့ မဟာျမိဳင္လမ္းကေန ကားေတြသြားလာၾကပါတယ္။

ကတၱရာလမ္းမရွိတဲ့ မဟာၿမိဳင္လမ္းထဲမွာ ခ်င္းျပည္နယ္ေျမာက္ပိုင္းနဲ႔ ကေလးကေဘာ္ေဒသအတြက္ကုန္ပစၥည္းတင္တဲ့ ကားၾကီးကားေလးေတြဟာ ရြံ႕ဗြတ္ေတြၾကားမွာ ရုန္းေနၾကပါတယ္။

မႏၱေလး-ကေလးၿမိဳ႕ၾကားေျပးဆြဲတဲ့ ေရႊလြင္ျပင္ယာဥ္လုိင္း ယာဥ္ေမာင္း ကိုေအာင္ေအာင္က “ကားလမ္းက ကေလးဝအေက်ာ္ေလာက္ကစၿပီးဆိုးတယ္။ ၾကားကေတာ့ ေတာက္ေလွ်ာက္ဗြတ္ေတြၾကီးပဲ။ မိုးရြာရင္ေတာ့ ပိုဆိုးတယ္။ ၿပီးေတာ့ ေရႊဘိုနားေလာက္မွျပန္ေကာင္းတယ္။ ေရွ႕မွာကားတစီး နစ္ေနရင္မလြယ္ဘူး။ မႏၱေလးကေန ကေလးကို ၃ညအိပ္၊ ၄ ရက္ခရီးနဲ႔ေရာက္လာခဲ့တယ္။ ကားေတြရုန္းမရရင္ထြန္စက္ေတြကို ၂ သိန္းနဲ႔ငွားၿပီးဆြဲခိုင္းတယ္။ ကားၾကီးေတြကေတာ့ ဆြဲမရေတာ့ ျမန္ျမန္သြားလို႔မရဘူး။ လမ္းခရီးမွာၾကန္႔ၾကာေတာ့ တန္ဆာခနဲ႔ေတြျမင့္သြားတာေပါ့” လို႔ေျပာပါတယ္။

ကေလးဝ-မံုရြာၾကား ယာၾကီးလမ္းကို အိႏိၵယအစိုးရက ခ်စ္ၾကည္ေရးစီမံကိန္းမွာ တဝက္တပ်က္တည္ေဆာက္ထားတဲ့ လမ္းရွိေပမယ့္ လက္နက္ကိုင္ေတြတိုက္ပြဲျဖစ္ပြားရွိလုိ႔မသြားရဲၾကပါ။

 

 

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်