လယ်တဲထဲတွင် ဓားခုတ်ဒဏ်ရာ (၆)ချက်နဲ့သေဆုံးနေတဲ့ လူငယ် အလောင်းတွေ့ရှိ

ကလေးမြို့နယ် မြောင်းဆုံကျေးရွာအနီးရှိ လယ်တဲထဲတွင် ဓားခုတ်ဒဏ်ရာ (၆)ချက်နဲ့ သေဆုံးနေတဲ့ ဆလိုင်းလာလ်တန်ပွီး(၂၃ နှစ်)ရဲ့အလောင်းကို ဇန်နဝါရီလ(၂၀)ရက်မနေ့ပိုင်းမှာ ၎င်းမိခင်ကတွေ့ရှိကြောင်းသတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဆလိုင်းလာလ်တန်ပွီး နဲ့ မိခင် Pi Tlem Cin (ဒေါ်တလျှမ်ကျင်) တို့ဟာ ၎င်းတို့လယ်တဲတွင် နေကြာ၊ မြေပဲ၊ ကြက်သွန်နီတွေစိုက်ရင်း ညအိပ်လျက်ရှိပါတယ်။ ဇန်နဝါရီလ (၁၉)ရက်တွင် မိခင်ဟာ အိမ်သို့သွားအိပ်ပြီး ဆလိုင်းလာလ်တန်ပွီးတစ်ယောက်သာ လယ်တဲတွင် ညအိပ်စောင့်ခဲ့ပါတယ်။ ဇန်နဝါရီ (၂၀)ရက် မနက်ပိုင်းမှာ မိခင် ဒေါ်တလျှမ်ကျင်ဟာ လယ်တဲသို့ရောက်တဲ့ချိန်မှာ သွေးတွေသာတွေ့ပြီး ၎င်းတို့တဲနဲ့ ၅ ဖာလုံလောက်ဝေးတဲ့ ရွာသားအသိလယ်တဲသို့သွားကာ အနီးအနားကိုလိုက်လံရှာဖွေရင်း တဲအိမ်အောက်တစ်နေရာမှာ ၎င်းရဲ့သားအလောင်းကို သွေးအိုင်ထဲမှာလဲနေတဲ့အလောင်းတွေ့ရှိကြပါတယ်။ ချက်ချင်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာလူကြီးတွေကိုခေါ်ပြီး မြို့နယ်ရဲစခန်းသို့အသိပေးအကြောင်းကြားပါတယ်။

ဆလိုင်းလာလ်တန်ပွီးအသတ်ခံရတဲ့နေရာလို့ယူဆရတဲ့ ၎င်းတို့လယ်တောနေရာခန့်မှန်းချက်

အလောင်းကို ယနေ့ မနက် ၁၁ နာရီခန့်က သဂြိုလ်လိုက်ပါပြီ။ မြောင်းဆုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးရာလ်လျန်မန်က “အလောင်းဒဏ်ရာတွေအားလုံးက ဓားနဲ့ခုတ်ထားတာကြီးပဲ။ မျက်နှာမှာ တစ်ချက်လာ နှစ်ချက်လာဒဏ်ရာတွေ့တယ်။ ဦးခေါင်းမှာ လေးချက်တွေ့တယ်။ ကျနော်လည်း အကြာကြီးမကြည့်ရဲဘူးလေ။ သူအသတ်မခံရခင် နေ့လည်မှာ သူတို့ နွားမပျောက်လို့လိုက်ရှာသေးတယ်။ နွားမလိုက်ရှာတဲ့ချိန်မှာ အနီးနားလယ်တောက လူတွေနဲ့စကားများခဲ့တာလာပေါ့။ သူတို့ လုပ်လိုက်ပုံက ရန်ညိုးရန်စရှိမယ့်ပုံပေါက်တယ်။ ဘာလို့လဲဆို သူ့ကို ပထမဆုံးဓားနဲ့ခုတ်တဲ့ချိန်မှာသိတော့ လက်နဲ့ကာမိတယ်ထင်တယ်။ ဘယ်ဘက်လက် နှစ်ချောင်းက ပျက်ပြီး တဲနံရံမှာကပ်နေတာတွေ့ရတယ်။ အသတ်ခံရတဲ့သူက လူအေးလေးပါ။ အလုပ်လည်းအရမ်းကြိုးစားတယ်။ ပြီးတော့ မိသားစုမှာသူတစ်ယောက်ထဲပဲ သားသမီးရှိတယ်။ သူ့အဖေကလည်း သိပ်အားကိုးလို့မရတော့ဘူး။ တော်တော်နွမ်းပါးတဲ့မိသားစုလည်းဖြစ်တယ်။ အလောင်းကို ကလေးပြည်သူ့ဆေးရုံကိုပို့ပြီး စစ်ဆေးခဲ့တယ်။ ရဲတွေကတော့ ရွာသားတွေပိုပြီးနယ်မြေနှံစပ်တော့ သဲလွန်စတစ်ခုခုတွေ့ရင်အကြောင်းကြားပါ။ ကျနော်တို့လည်း တက်နိုင်သလောက်စုံစမ်းမယ်လို့ပဲပြောတယ်” လို့ပြောပါတယ်။

ယင်းတို့ လယ်တောဟာ မြောင်းဆုံကျေးရွာရဲ့ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာမှာတည်ရှိပြီး ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ကင်းမွန်ချောင်းကျေးရွာအနီးမှာရှိပါတယ်။ ကလေးမြို့နယ်၊ နဂါးပွတ်ကျေးရွာနဲ့လည်းနီးပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်