ဝန်ကြီး ဦးဖွေအား ကားချောက်ထဲကျ၍ လူ(၃)ဦး အပြင်းအထန်ဒဏ်ရာရ

ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအားရဲ့ မော်တော်ယာဉ်ဟာ ဒီမနက် (၁၀)နာရီခန့်က မင်းတပ်မြို့အဝင်နားမှာချောက်ထဲကျသွားလို့ ဝန်ကြီးသားအပါအဝင် လူ (၃)ဦးအပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့သတင်းရရှိပါတယ်။

မင်းတပ်မြို့ အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနားဟုန်းက “ကားမတော်တဆဖြစ်တဲ့နေရာကတော့ မင်းတပ်မြို့အဝင် ဝမ္မသူးမောင်ပန်းခြံအောက်နားမှာပါ။ ဝန်ကြီးကတော့ ကားထဲမှာမပါဘူး။ သူ့သား ၉တန်းကျောင်းသား တစ်ယောက်ရယ်၊ တစ်ယောက်က သူ့အမျိုးထင်တယ်။ တစ်ယောက်ကတော့ ကားဆရာပေါ့။ ကားကျသွားတဲ့နေရာကလည်းနက်တယ်။ ပြန်ယူဖို့မလွယ်လောက်ဘူးတဲ့။ ကားကတော့ အဖြူရောင်ပဲ။ ဖြစ်တဲ့ချိန်က ကျနော်တို့ ဘုရားကျောင်းပြီးလို့အပြန် ၁၁ နာရီလောက်မှာ မယကရုံးကလူတစ်ယောက် ဝန်ကြီးကားမှောက်သွားတယ်ဆေးရုံလိုက်မလာဆိုလို့ကျနော်လည်း လိုက်သွားတယ်။ ဝန်ကြီးသားကတော့ ဦးခေါင်းထိသွား။ ခြေထောက်ထိတဲ့သူတွေလည်းရှိတယ်။ မင်းတပ်ဆေးရုံက ချက်ချင်းပဲ မန္တလေးဆေးရုံကိုလွဲလိုက်တယ်” လို့ပြောပါတယ်။

ဝန်ကြီး ဦးဖွေအားဟာ မင်းတပ်ဆေးရုံမှာ ရောက်ရှိနေတဲ့ပလက်ဝ စစ်ဘေးရှောင်လူနာတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

(Zawgyi)

ဝန္ၾကီး ဦးေဖြအား ကားေခ်ာက္ထဲက်၍ လူ(၃)ဦး အျပင္းအထန္ဒဏ္ရာရ

ခ်င္းျပည္နယ္ လူဝင္မႈၾကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ၾကီး ဦးေဖြအားရဲ႕ ေမာ္ေတာ္ယာဥ္ဟာ ဒီမနက္ (၁၀)နာရီခန္႔က မင္းတပ္ၿမိဳ႕အဝင္နားမွာေခ်ာက္ထဲက်သြားလို႔ ဝန္ၾကီးသားအပါအဝင္ လူ (၃)ဦးအျပင္းအထန္ဒဏ္ရာရရွိသြားတယ္လို႔သတင္းရရွိပါတယ္။

မင္းတပ္ၿမိဳ႕ အေနာက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးနားဟုန္းက “ကားမေတာ္တဆျဖစ္တဲ့ေနရာကေတာ့ မင္းတပ္ၿမိဳ႕အဝင္ ဝမၼသူးေမာင္ပန္းျခံေအာက္နားမွာပါ။ ဝန္ၾကီးကေတာ့ ကားထဲမွာမပါဘူး။ သူ႔သား ၉တန္းေက်ာင္းသား တစ္ေယာက္ရယ္၊ တစ္ေယာက္က သူ႔အမ်ဳိးထင္တယ္။ တစ္ေယာက္ကေတာ့ ကားဆရာေပါ့။ ကားက်သြားတဲ့ေနရာကလည္းနက္တယ္။ ျပန္ယူဖို႔မလြယ္ေလာက္ဘူးတဲ့။ ကားကေတာ့ အျဖဴေရာင္ပဲ။ ျဖစ္တဲ့ခ်ိန္က က်ေနာ္တို႔ ဘုရားေက်ာင္းၿပီးလို႔အျပန္ ၁၁ နာရီေလာက္မွာ မယကရံုးကလူတစ္ေယာက္ ဝန္ၾကီးကားေမွာက္သြားတယ္ေဆးရံုလိုက္မလာဆိုလို႔က်ေနာ္လည္း လိုက္သြားတယ္။ ဝန္ၾကီးသားကေတာ့ ဦးေခါင္းထိသြား။ ေျခေထာက္ထိတဲ့သူေတြလည္းရွိတယ္။ မင္းတပ္ေဆးရံုက ခ်က္ခ်င္းပဲ မႏၱေလးေဆးရံုကိုလြဲလိုက္တယ္” လို႔ေျပာပါတယ္။

ဝန္ၾကီး ဦးေဖြအားဟာ မင္းတပ္ေဆးရံုမွာ ေရာက္ရွိေနတဲ့ပလက္ဝ စစ္ေဘးေရွာင္လူနာေတြကို သြားေရာက္ၾကည့္ရႈခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်