ဟားခါးမြို့ရှိ ခွင့်ပြုမဲ့ နေအိမ် ၁၃၀ ကျော်ကို အင်အားသုံးဖျက်သိမ်းမယ်

ဟားခါးမြို့၊ မြို့သစ်စီမံကိန်းဧရိယာတွင် ခွင့်ပြုချက်မဲ့နေအိမ်အဆောက်အုံ ၁၃၀ ကျော်ကို သြဂုတ်လ (၉)ရက်နံနက် (၉)နာရီတွင် ဌာနပေါင်းစုံနဲ့ရပ်ကွက်လူကြီးများပူးပေါင်းပြီး အင်အား ၂၀၀ ကျော်နဲ့ဖျက်သိမ်းသွားမယ်လို့သတင်းရရှိပါတယ်။

သြဂုတ် (၁)ရက်နေ့က ပြုလုပ်တဲ့ဌာနဆိုင်ရာအစည်းအဝေးမှာ အခုလိုဆုံးဖြတ်ကြတာဖြစ်ပါတယ်။ အခုလို လူနေအိမ်များဖျက်သိမ်းစဉ် မီဒီယာအဖွဲ့များ လုံးဝဝင်ခွင့်မပြုရလို့ ဆုံးဖြတ်ထားပါတယ်။

ဟားခါးအခြေစိုက် Chinbridge Institute ဦးဆောင်သူ ဆလိုင်းဗန်ကျူံးလျန်က “မီဒီယာတွေဝင်ခွင့်မပေးတာကတော့ မဖြစ်သင့်ဘူး။ သူတို့ ဖျက်သိမ်းနေတဲ့ပုံတွေလည်းမြင်ချင်တယ်။ တစ်ခုရှိတာကတော့ မြေကွက်ရောင်းတဲ့ပုံစံကသဘောမကျဘူး။ ဟားခါးမှာနေပြီး အိမ်ငှားနေသူဖြစ်ရမယ်၊ အဆောက်အအုံမြန်မြန်တည်ဆောက်ရမယ်လို့သတ်မှတ်ထားတယ်။ တကယ်တမ်းတော့ အိမ်ဆောက်ဖို့ပိုက်ဆံမရှိလို့အိမ်ငှားနေတာလေ။ အိမ်ဆောက်နိုင်ရင်တော့ သူများအိမ်ငှားနေမှာမဟုတ်ဘူး။ ဒါကြောင့် ဒီစီမံကိန်းက သူဌေးတွေအတွက်ပဲဖြစ်သွားမယ်” လို့ဆိုပါတယ်။

လူနေအိမ်စတင်ဖျက်သိမ်းမယ့်နေရာကတော့ Road – C အောက်လမ်းကနေ စတင်မှာဖြစ်ပြီး ဟားခါးမြို့ပေါ် (၈)ရပ်ကွက်မှာ လူအင်အား ၆၀ ဦး၊ ရဲ ၅၀၊ မီးသတ် ၃၀၊ စည်ပင် ၅၀၊ မြို့နယ် စီခန့် (၇)ဦး၊ မြို့နယ် လဝက ၆ ဦး၊ မြို့နယ် သစ်တော ၆ ဦး၊ ဆေးရုံလူနာတင်ယာဉ် တစ်စီးတို့ဖြစ်သွားရောက်ဖျက်သိမ်းမှာဖြစ်ပါတယ်။ ကျူးကျော်နေထိုင်သူတွေက ပြန်လည်တုန့်ပြန်လာပါက ခုခံနိုင်ရန် ပုဒ်မ ၁၄၄ အမိန့်ထုတ်ဖို့ ပြည်နယ်အစိုးရကိုတောင်းဆိုထားပေမယ့် အစိုးရက ခွင့်ပြုချက်မပေးခဲ့ပါ။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကျနော်တို့ကတော့ သူတို့ဘာသာဖျက်ဖို့ ရက်ပေါင်း ၆၀ အချိန်ပေးထားတယ်။ သတိပေးစာလည်း သုံးကြိမ်ပို့ထားတယ်။ အကောင်းဆုံးကတော့ သူတို့ဘာသာဖျက်ရင်အကောင်းဆုံးပဲ” လို့ပြောပါတယ်။

မြို့သစ်စီမံကိန်း ဧရိယာ ဧက ၆၇၆ မှာတည်ဆောက်ထားတဲ့နေအိမ်တွေမဖျက်သိမ်းဖို့ ဇူလိုင် ၃၁ ရက်နေ့က ဒေသခံတွေက ကန့်ကွက်ဆန္ဒပြကြပါတယ်။

ချင်းပြည်နယ် တောင်သူလယ်သမားအသင်း ဥက္ကဌ ဦးဟရန်ကီးလ်က “ဥပဒေအရ ဖွံ့ဖြိုးရေးလုပ်မယ်ဆိုရင် မူလမြေပိုင်ရှင်တွေကို ထိပ်သင့်တဲ့လျော်ကြေးပေးဆောင်ရမယ်ဆိုတာရှိတယ်။ ဒါပေမယ့် တောင်သူတွေက လျော်ကြေးငွေမရကြဘူး။ ကျေနော်တို့ဘိုးဘွားပိုင်မြေပေါ်မှာ အိမ်ဆောက်ခွင့်၊ မြေဂရမ်တွေတောင်းပေမယ့် ထွေအုပ်ကမပေးဘူး” လို့ပြောပါတယ်။

လက်ရှိအစိုးရတက်ခါစ ၂၀၁၆ ခုနှစ်အောက်တိုဘာတွင်လည်း ဖလမ်းမြို့နယ် ဘွာလ်ပီးကြိုးဝိုင်းမှာရှိတဲ့ လူနေအိမ် ၁၀၀ ကျော်ကို စက်ကြီးတွေနဲ့ဖျက်ဆီးခဲ့ပါတယ်။

(Zawgyi)

ဟားခါးၿမိဳ႕ရွိ ခြင့္ျပဳမဲ့ ေနအိမ္ ၁၃၀ ေက်ာ္ကို အင္အားသံုးဖ်က္သိမ္းမယ္

ဟားခါးၿမိဳ႕၊ ၿမိဳ႕သစ္စီမံကိန္းဧရိယာတြင္ ခြင့္ျပဳခ်က္မဲ့ေနအိမ္အေဆာက္အုံ ၁၃၀ ေက်ာ္ကို ၾသဂုတ္လ (၉)ရက္နံနက္ (၉)နာရီတြင္ ဌာနေပါင္းစံုနဲ႔ရပ္ကြက္လူၾကီးမ်ားပူးေပါင္းၿပီး အင္အား ၂၀၀ ေက်ာ္နဲ႔ဖ်က္သိမ္းသြားမယ္လုိ႔သတင္းရရွိပါတယ္။

ၾသဂုတ္ (၁)ရက္ေန႔က ျပဳလုပ္တဲ့ဌာနဆိုင္ရာအစည္းအေဝးမွာ အခုလိုဆံုးျဖတ္ၾကတာျဖစ္ပါတယ္။ အခုလို လူေနအိမ္မ်ားဖ်က္သိမ္းစဥ္ မီဒီယာအဖြဲ႔မ်ား လံုးဝဝင္ခြင့္မျပဳရလို႔ ဆံုးျဖတ္ထားပါတယ္။

ဟားခါးအေျခစိုက္ Chinbridge Institute ဦးေဆာင္သူ ဆလုိင္းဗန္က်ဴံးလ်န္က “မီဒီယာေတြဝင္ခြင့္မေပးတာကေတာ့ မျဖစ္သင့္ဘူး။ သူတို႔ ဖ်က္သိမ္းေနတဲ့ပံုေတြလည္းျမင္ခ်င္တယ္။ တစ္ခုရွိတာကေတာ့ ေျမကြက္ေရာင္းတဲ့ပံုစံကသေဘာမက်ဘူး။ ဟားခါးမွာေနၿပီး အိမ္ငွားေနသူျဖစ္ရမယ္၊ အေဆာက္အအံုျမန္ျမန္တည္ေဆာက္ရမယ္လို႔သတ္မွတ္ထားတယ္။ တကယ္တမ္းေတာ့ အိမ္ေဆာက္ဖို႔ပိုက္ဆံမရွိလို႔အိမ္ငွားေနတာေလ။ အိမ္ေဆာက္ႏိုင္ရင္ေတာ့ သူမ်ားအိမ္ငွားေနမွာမဟုတ္ဘူး။ ဒါေၾကာင့္ ဒီစီမံကိန္းက သူေဌးေတြအတြက္ပဲျဖစ္သြားမယ္” လို႔ဆိုပါတယ္။

လူေနအိမ္စတင္ဖ်က္သိမ္းမယ့္ေနရာကေတာ့ Road – C ေအာက္လမ္းကေန စတင္မွာျဖစ္ၿပီး ဟားခါးၿမိဳ႕ေပၚ (၈)ရပ္ကြက္မွာ လူအင္အား ၆၀ ဦး၊ ရဲ ၅၀၊ မီးသတ္ ၃၀၊ စည္ပင္ ၅၀၊ ၿမိဳ႕နယ္ စီခန္႔ (၇)ဦး၊ ၿမိဳ႕နယ္ လဝက ၆ ဦး၊ ၿမိဳ႕နယ္ သစ္ေတာ ၆ ဦး၊ ေဆးရံုလူနာတင္ယာဥ္ တစ္စီးတို႔ျဖစ္သြားေရာက္ဖ်က္သိမ္းမွာျဖစ္ပါတယ္။ က်ဴးေက်ာ္ေနထိုင္သူေတြက ျပန္လည္တုန္႔ျပန္လာပါက ခုခံႏိုင္ရန္ ပုဒ္မ ၁၄၄ အမိန္႔ထုတ္ဖို႔ ျပည္နယ္အစိုးရကိုေတာင္းဆိုထားေပမယ့္ အစိုးရက ခြင့္ျပဳခ်က္မေပးခဲ့ပါ။

စည္ပင္ဝန္ၾကီး ဦးစိုးထက္က “က်ေနာ္တို႔ကေတာ့ သူတို႔ဘာသာဖ်က္ဖို႔ ရက္ေပါင္း ၆၀ အခ်ိန္ေပးထားတယ္။ သတိေပးစာလည္း သံုးၾကိမ္ပို႔ထားတယ္။ အေကာင္းဆံုးကေတာ့ သူတို႔ဘာသာဖ်က္ရင္အေကာင္းဆံုးပဲ” လို႔ေျပာပါတယ္။

ၿမိဳ႕သစ္စီမံကိန္း ဧရိယာ ဧက ၆၇၆ မွာတည္ေဆာက္ထားတဲ့ေနအိမ္ေတြမဖ်က္သိမ္းဖို႔ ဇူလုိင္ ၃၁ ရက္ေန႔က ေဒသခံေတြက ကန္႔ကြက္ဆႏၵျပၾကပါတယ္။

ခ်င္းျပည္နယ္ ေတာင္သူလယ္သမားအသင္း ဥကၠဌ ဦးဟရန္ကီးလ္က “ဥပေဒအရ ဖြံ႕ၿဖိဳးေရးလုပ္မယ္ဆုိရင္ မူလေျမပိုင္ရွင္ေတြကို ထိပ္သင့္တဲ့ေလ်ာ္ေၾကးေပးေဆာင္ရမယ္ဆိုတာရွိတယ္။ ဒါေပမယ့္ ေတာင္သူေတြက ေလ်ာ္ေၾကးေငြမရၾကဘူး။ ေက်ေနာ္တို႔ဘုိးဘြားပိုင္ေျမေပၚမွာ အိမ္ေဆာက္ခြင့္၊ ေျမဂရမ္ေတြေတာင္းေပမယ့္ ေထြအုပ္ကမေပးဘူး” လို႔ေျပာပါတယ္။

လက္ရွိအစိုးရတက္ခါစ ၂၀၁၆ ခုႏွစ္ေအာက္တိုဘာတြင္လည္း ဖလမ္းၿမိဳ႕နယ္ ဘြာလ္ပီးၾကိဳးဝုိင္းမွာရွိတဲ့ လူေနအိမ္ ၁၀၀ ေက်ာ္ကို စက္ၾကီးေတြနဲ႔ဖ်က္ဆီးခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်