ဟားခါးမှာ ကားတစ်စီး ဘရိတ်ပေါက်၍ နေအိမ်တစ်လုံးဝင်တိုက်ကာ တစ်ဦးဒဏ်ရာရ

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်မှာ ပန်းရံအလုပ်သမားတွေတင်ဆောင်လာတဲ့ ကားတစ်စီးက ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ပဲ လူနေအိမ်တစ်လုံးကို ဝင်တိုက်သဖြင့် အသက် (၈၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ ဒဏ်ရာရရှိသွားတယ်လို့ ဟားခါးမြို့နယ် ပြန်၊ဆက်ကဖော်ပြထားပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂၃)ရက်တွင် ယာဉ်မောင်း ဦးပြည့်စုံကျော် (၂၄ နှစ်)ဟာ ထန်တလန်မှ ဂန့်ဂေါသို့ ပြန်မယ့် ပန်းရံအလုပ်သမား (၁၁)ယောက် တင်ဆောင်လာစဉ် အရှိန်မထိန်းနိုင်သဖြင့် လမ်းဘေး ဦးထလာကိန်းနေအိမ်တစ်လုံးကို ဝင်တိုက်ရာ နေအိမ်ပြိုလဲပြီး ကားဦးခေါင်းပိုင်းပျက်စီးခဲ့ပါတယ်။ ယာဉ်ပေါ်မှ လိုက်ပါလာတဲ့ (၁၁)ယောက်မှာ စိုးရိမ်ဖွယ် ဒဏ်ရာရရှိခြင်းမရှိပါ။

ယာဉ်မောင်းကို ဟားခါးမြို့နယ် ရဲစခန်းမှ ယာဉ်(ပ) ၃/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉/၄၂၇ နဲ့ တရားစွဲဆိုထားပါတယ်။

(Zawgyi)



Photo: Hakha Iprd



နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်