အကြမ်းဖက် စစ်ကောင်စီသတ်ဖြတ်တဲ့ အလောင်း ၈ လောင်းကို ကလေးမြို့နယ်မှာတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း မြစ်သာမြစ်ရှေ့ဘက်မှာရှိတဲ့ ရေရှင်ကျေးရွာမှာ စက်တင်ဘာလ ၆ ရက်က အာဏာသိမ်း စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တဲ့ အလောင်း ၈ လောင်းတွေ့ရှိပြီး ယင်းနေ့မှာပဲ ဒေသခံပြည်သူတွေက မီးရှို့သဂြိုလ်ကြတယ်လို့သတင်းရရှိပါတယ်။

စက်တင်ဘာလ ၃ ရက် မနက်ပိုင်းတွင် ရေရှင်ကျေးရွာနဲ့ အင်းကျွန်းရွာတွင် စစ်ကောင်စီတပ်နဲ့ PDF Kalay တို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေက ရွာရှိလူနေအိမ်တွေကို မီးရှို့ကြပါတယ်။

ဒေသခံတဦးက “ရေရှင်ရွာသား ၃ ယောက် သေတယ်။ ကျန် ၅ ယောက်ကတော့ အလောင်းတွေပုပ်ပွနေပြီဆိုတော့ ဘယ်သူဘယ်ဝါမှန်းမသိတော့ဘူး။ အလောင်းတွေက လက်ကိုနောက်ပြန်ကြိုးတုတ်ထားတာလည်းပါတယ်။ လည်ပင်းကို ဓားနဲ့လှီးတာလည်းပါတယ်။ အလောင်းတွေက တနေရာထဲမှာ စုပုံနေတာမဟုတ်ပဲ လမ်းဘေး၊ လယ်တောထဲ၊ ရွာထဲမှာ အဲ့လိုတွေ့တာ” လို့ပြောပါတယ်။

စက်တင်ဘာ ၄ ရက်တွင် ယင်းကျေးရွာတွေပေါ်မှာ စစ်ရဟတ်ယာဉ်တစီးပျံဝဲပြီး ဒီနေ့ စက်တင်ဘာ ၇ ရက်တွင်လည်း ရေရှင်ကျေးရွာမှာ မီးလောင်နေတာ အဝေးကနေတွေ့ရပါတယ်။ မီးရှို့ခံရတဲ့ ကျေးရွာတွေကတော့ ရေရှည်၊ လယ်ခြား၊ ဒိုးနွယ်တို့ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်တဲ့ ကျေးရွာတွေကတော့ အရှေ့စည်း၊ ဒိုးနွယ်၊ တင်သား၊ ကုက္ကိုလ်၊ လယ်ခြား၊ ရှားတော၊ ရေရှင်၊ အင်းကျွန်း၊ ကျောက်ပြုတ်၊ ကျောက်ဆည်၊ ကျောက်ဖူး၊ နွားရွာမှာ ပြည်သူ တစ်သောင်းကျော်ရှိပါတယ်။

တချို့ရွာတွေဆိုရင် တောတောင်တွေထဲမှာထွက်ပြေးနေတာ ၁ လကျော်ကြာနေပြီး ၄င်းတို့ထဲမှာ ကလေးသူငယ်တွေ၊ ကျန်းမာရေမကောင်းတဲ့သူတွေ၊ ကလေးမွေးခါနီးကိုယ်ဝန်သည်တွေလည်းပါပါတယ်။ ၄င်းတို့တွင် အမိုးအကာ၊ အစားအသောက်၊ ဆေးဝါးတွေ အမြန်လိုအပ်နေပါတယ်။

(Zawgyi)

အၾကမ္းဖက္ စစ္ေကာင္စီသတ္ျဖတ္တဲ့ အေလာင္း ၈ ေလာင္းကို ကေလးၿမိဳ႕နယ္မွာေတြ႔ရွိ

စစ္ကုိင္းတုိင္း၊ ကေလးၿမိဳ႕နယ္ ေတာင္ပိုင္း ျမစ္သာျမစ္ေရွ႕ဘက္မွာရွိတဲ့ ေရရွင္ေက်းရြာမွာ စက္တင္ဘာလ ၆ ရက္က အာဏာသိမ္း စစ္ေကာင္စီတပ္က သတ္ျဖတ္ခဲ့တဲ့ အေလာင္း ၈ ေလာင္းေတြ႔ရွိၿပီး ယင္းေန႔မွာပဲ ေဒသခံျပည္သူေတြက မီးရိႈ႕သၿဂိဳလ္ၾကတယ္လုိ႔သတင္းရရွိပါတယ္။

စက္တင္ဘာလ ၃ ရက္ မနက္ပိုင္းတြင္ ေရရွင္ေက်းရြာနဲ႔ အင္းကၽြန္းရြာတြင္ စစ္ေကာင္စီတပ္နဲ႔ PDF Kalay တို႔တုိက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီတပ္ေတြက ရြာရွိလူေနအိမ္ေတြကို မီးရိႈ႕ၾကပါတယ္။

ေဒသခံတဦးက “ေရရွင္ရြာသား ၃ ေယာက္ ေသတယ္။ က်န္ ၅ ေယာက္ကေတာ့ အေလာင္းေတြပုပ္ပြေနၿပီဆိုေတာ့ ဘယ္သူဘယ္ဝါမွန္းမသိေတာ့ဘူး။ အေလာင္းေတြက လက္ကိုေနာက္ျပန္ၾကိဳးတုတ္ထားတာလည္းပါတယ္။ လည္ပင္းကို ဓားနဲ႔လွီးတာလည္းပါတယ္။ အေလာင္းေတြက တေနရာထဲမွာ စုပံုေနတာမဟုတ္ပဲ လမ္းေဘး၊ လယ္ေတာထဲ၊ ရြာထဲမွာ အဲ့လိုေတြ႔တာ” လို႔ေျပာပါတယ္။

စက္တင္ဘာ ၄ ရက္တြင္ ယင္းေက်းရြာေတြေပၚမွာ စစ္ရဟတ္ယာဥ္တစီးပ်ံဝဲၿပီး ဒီေန႔ စက္တင္ဘာ ၇ ရက္တြင္လည္း ေရရွင္ေက်းရြာမွာ မီးေလာင္ေနတာ အေဝးကေနေတြ႔ရပါတယ္။ မီးရိႈ႕ခံရတဲ့ ေက်းရြာေတြကေတာ့ ေရရွည္၊ လယ္ျခား၊ ဒိုးႏြယ္တို႔ျဖစ္ပါတယ္။

လက္ရွိအခ်ိန္ထိ ေဘးလြတ္ရာသို႔ထြက္ေျပးတိမ္းေရွာင္တဲ့ ေက်းရြာေတြကေတာ့ အေရွ႕စည္း၊ ဒိုးႏြယ္၊ တင္သား၊ ကုကၠိဳလ္၊ လယ္ျခား၊ ရွားေတာ၊ ေရရွင္၊ အင္းကၽြန္း၊ ေက်ာက္ျပဳတ္၊ ေက်ာက္ဆည္၊ ေက်ာက္ဖူး၊ ႏြားရြာမွာ ျပည္သူ တစ္ေသာင္းေက်ာ္ရွိပါတယ္။

တခ်ဳိ႕ရြာေတြဆိုရင္ ေတာေတာင္ေတြထဲမွာထြက္ေျပးေနတာ ၁ လေက်ာ္ၾကာေနၿပီး ၄င္းတို႔ထဲမွာ ကေလးသူငယ္ေတြ၊ က်န္းမာေရမေကာင္းတဲ့သူေတြ၊ ကေလးေမြးခါနီးကိုယ္ဝန္သည္ေတြလည္းပါပါတယ္။ ၄င္းတုိ႔တြင္ အမိုးအကာ၊ အစားအေသာက္၊ ေဆးဝါးေတြ အျမန္လုိအပ္ေနပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်