အိန္ဒိယနိုင်ငံက မြန်မာစစ်ဘေးရှောင်တစ်ဦး ကြိုးဆွဲချသေဆုံး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့မှာ စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ ဦးခင်းဇမ်ကိမ်း (၃၆နှစ်)ဟာ အောက်တိုဘာ ၃ ရက်က မိမိကိုယ်ကိုကြိုးဆွဲချသတ်သေသွားတယ်လို့သတင်းရရှိပါတယ်။

ဦးခင်းဇမ်ကိမ်းဟာ တွန်းဇံမြို့နယ် ရွမ်ဇန်ကျေးရွာကနေ ကျန်ဖိုင်းမြို့သို့စစ်ဘေးရှောင်လာတာ ၁ လလောက်ကြာပြီး အိမ်ထောင်ကွဲလို့ စိတ်ဖိစီးမှုခံစားနေရတယ်လို့သိရတယ်။

၄င်းတွင် သားသမီး ၃ ယောက်ရှိပြီး အလောင်းကို အောက်တိုဘာ ၄ ရက်က ကျန်ဖိုင်းမြို့တွင် Zomi Welfare Committee, Champhai ကမြေမြုပ်သဂြိုလ်ကြပါတယ်။

Zawgyi

Zalen ad

အိႏိၵယႏိုင္ငံက ျမန္မာစစ္ေဘးေရွာင္တစ္ဦး ၾကိဳးဆြဲခ်ေသဆံုး

ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕နယ္ကေန အိႏိၵယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္ က်န္ဖုိင္းၿမိဳ႕မွာ စစ္ေဘးေရွာင္စခန္းမွာေနထုိင္တဲ့ ဦးခင္းဇမ္ကိမ္း (၃၆ႏွစ္)ဟာ ေအာက္တိုဘာ ၃ ရက္က မိမိကိုယ္ကိုၾကိဳးဆြဲခ်သတ္ေသသြားတယ္လို႔သတင္းရရွိပါတယ္။

ဦးခင္းဇမ္ကိမ္းဟာ တြန္းဇံၿမိဳ႕နယ္ ရြမ္ဇန္ေက်းရြာကေန က်န္ဖုိင္းၿမိဳ႕သို႔စစ္ေဘးေရွာင္လာတာ ၁ လေလာက္ၾကာၿပီး အိမ္ေထာင္ကြဲလို႔ စိတ္ဖိစီးမႈခံစားေနရတယ္လုိ႔သိရတယ္။

၄င္းတြင္ သားသမီး ၃ ေယာက္ရွိၿပီး အေလာင္းကို ေအာက္တိုဘာ ၄ ရက္က က်န္ဖုိင္းၿမိဳ႕တြင္ Zomi Welfare Committee, Champhai ကေျမျမဳပ္သၿဂိဳလ္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

အမြင့်ပျံသန်းချင်ပေမယ့် ချီနှောင်ခံရတဲ့ငှက်ကလေးများ

ရေးသူ-မစ်ကီ စစ်တပ်ရဲ့မတရားအာဏာသိမ်းမှုတွေဟာ အသက်အရွယ်မရွေး နေရာဒေသမရွေး လူမျိုးဘာသာမရွေး သူတို့ရဲ့အာဏာသိမ်းမှုတွေကြောင့် နောက်ဆက်တွဲဘေးဒုက္ခတွေခံစားရကြတဲ့ ပြည်သူတွေဟာ ဒုနဲ့ဒေး ပြင်းပြင်းထန်ထန်ခံစားရတာနဲ့ ပေါ့ပေါ့ပါးပါးခံစားကြရတာမျိုးလောက်ပဲ ကွာခြားကြတာပါ၊ အဲ့ထဲမှာမှ ချင်းတောင်တန်းတနေရာက ကျေးလက်တောရွာလေးတခုမှာနေထိုင်တဲ့ မဆုန်းချင်တို့ မိသားစုလည်း အပါအဝင်ပေါ့၊ ဆုန်းချင်လေးတို့မိသားစုဟာ အာဏာမသိမ်းခင်ထိ ...

ဆက်ဖတ်ရန်