အိန္ဒိယနိုင်ငံ မဏီပူရ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်ရှိ

အိန္ဒိယနိုင်ငံ မဏီပူရ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်ရှိပြီး စားရေးသောက်ရေးမှာ အခက်အခဲတွေကြုံတွေ့နေရတယ်လို့သတင်းရရှိပါတယ်။

အရင်က စစ်ဘေးရှောင် ၁၉၀၀ ကျော်ရှိရာ D-Day ကြေညာပြီးနောက် တမူးမြို့နယ်က ပြည်သူတွေထပ်မံထွက်ပြေးလာတာကြောင့် ခုဆို စစ်ဘေးရှောင် ၃ထောင်ဝန်းကျင်ရှိလာပါတယ်။

မဏီပူရ်ပြည်နယ် မြန်မာစစ်ဘေးရှောင်တာဝန်ခံလည်းဖြစ် တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “စစ်ဘေးရှောင်တွေကို မဏီပူရ်ပြည်နယ်အစိုးရက ကူညီတာမရှိဘူး။ အရပ်ဖက်အဖွဲ့အစည်းတွေက ဆန်၊ဆီ၊ဆား တွေကူညီတယ်။ စစ်ဘေးရှောင်အချို့က စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံမှာနေကြတယ်။ အချို့ဆွေမျိုးမရှိတဲ့သူတွေ အိမ်ငှားပြီးနေကြတယ်။ အိမ်ငှားခက ရိုးရိုးအိမ် (ပျဉ်ထောင်၊ပျဉ်ခင်း၊ သွပ်မိုး)ဆိုရင် ရူပီးငွေ ၃ ထောင် (မြန်မာငွေ ၇ သောင်းကျော်) တိုက်အိမ်တွေဆိုရင် ၆ ထောင်ကနေ ၁ သောင်းဝန်းကျင်ရှိတယ်။ အရင်ကတော့ မဏီပူရ်အစိုးရက စစ်ဘေးရှောင်တွေကို နှင်ထုတ်မလိုလိုဖြစ်ခဲ့တယ်။ ဒါကြောင့် ဒီဘက်က အရပ်ဖက်အဖွဲ့အစည်းတွေက လုံခြုံတဲ့နေရာမှာထားတယ်။ ကျနော်တို့က ပုန်းနေရတဲ့ဘဝဖြစ်နေတယ်။ ခုတော့ လူသားချင်စာနာထောက်ထားမှုဆိုပြီး နောက်ပိုင်းလက်ခံလာတာ။ ပြည်နယ်ထဲကအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အလှူမှတပါး ပြင်ပကအလှူတွေမရှိဘူး” လို့ပြောပါတယ်။

မဏီပူရ်ပြည်နယ်အစိုးရဟာ မြန်မာစစ်ဘေးရှောင်အချို့ကို မေလတွင် တစ်ကြိမ်၊ စက်တင်ဘာလတွင် တစ်ကြိမ် နှင်ထုတ်ခဲ့ပါတယ်။

Zawgyi

အိႏိၵယႏိုင္ငံ မဏီပူရ္ျပည္နယ္တြင္ ျမန္မာစစ္ေဘးေရွာင္ ၃ ေထာင္ဝန္းက်င္ရွိ

အိႏိၵယႏိုင္ငံ မဏီပူရ္ျပည္နယ္တြင္ ျမန္မာစစ္ေဘးေရွာင္ ၃ ေထာင္ဝန္းက်င္ရွိၿပီး စားေရးေသာက္ေရးမွာ အခက္အခဲေတြၾကံဳေတြ႔ေနရတယ္လုိ႔သတင္းရရွိပါတယ္။

အရင္က စစ္ေဘးေရွာင္ ၁၉၀၀ ေက်ာ္ရွိရာ D-Day ေၾကညာၿပီးေနာက္ တမူးၿမိဳ႕နယ္က ျပည္သူေတြထပ္မံထြက္ေျပးလာတာေၾကာင့္ ခုဆို စစ္ေဘးေရွာင္ ၃ေထာင္ဝန္းက်င္ရွိလာပါတယ္။

မဏီပူရ္ျပည္နယ္ ျမန္မာစစ္ေဘးေရွာင္တာဝန္ခံလည္းျဖစ္ တမူးၿမိဳ႕နယ္ တုိင္းေဒသၾကီးလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက “စစ္ေဘးေရွာင္ေတြကို မဏီပူရ္ျပည္နယ္အစိုးရက ကူညီတာမရွိဘူး။ အရပ္ဖက္အဖြဲ႔အစည္းေတြက ဆန္၊ဆီ၊ဆား ေတြကူညီတယ္။ စစ္ေဘးေရွာင္အခ်ဳိ႕က စာသင္ေက်ာင္း၊ ဘာသာေရးအေဆာက္အအံုမွာေနၾကတယ္။ အခ်ဳိ႕ေဆြမ်ဳိးမရွိတဲ့သူေတြ အိမ္ငွားၿပီးေနၾကတယ္။ အိမ္ငွားခက ရိုးရိုးအိမ္ (ပ်ဥ္ေထာင္၊ပ်ဥ္ခင္း၊ သြပ္မိုး)ဆုိရင္ ရူပီးေငြ ၃ ေထာင္ (ျမန္မာေငြ ၇ ေသာင္းေက်ာ္) တိုက္အိမ္ေတြဆိုရင္ ၆ ေထာင္ကေန ၁ ေသာင္းဝန္းက်င္ရွိတယ္။ အရင္ကေတာ့ မဏီပူရ္အစိုးရက စစ္ေဘးေရွာင္ေတြကို ႏွင္ထုတ္မလုိလိုျဖစ္ခဲ့တယ္။ ဒါေၾကာင့္ ဒီဘက္က အရပ္ဖက္အဖြဲ႔အစည္းေတြက လံုျခံဳတဲ့ေနရာမွာထားတယ္။ က်ေနာ္တုိ႔က ပုန္းေနရတဲ့ဘဝျဖစ္ေနတယ္။ ခုေတာ့ လူသားခ်င္စာနာေထာက္ထားမႈဆုိၿပီး ေနာက္ပိုင္းလက္ခံလာတာ။ ျပည္နယ္ထဲကအရပ္ဖက္အဖြဲ႔အစည္းေတြရဲ႕ အလွဴမွတပါး ျပင္ပကအလွဴေတြမရွိဘူး” လုိ႔ေျပာပါတယ္။

မဏီပူရ္ျပည္နယ္အစိုးရဟာ ျမန္မာစစ္ေဘးေရွာင္အခ်ဳိ႕ကို ေမလတြင္ တစ္ၾကိမ္၊ စက္တင္ဘာလတြင္ တစ္ၾကိမ္ ႏွင္ထုတ္ခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်