အိန္ဒိယမှာ မြန်မာ(၅)ဦးထံမှ ရွှေချောင်းကျပ် သန်း(၂၂၀၀)ကျော်ဖိုး ဖမ်းဆီး

မြန်မာ-အိန္ဒိယနယ်စပ် ဗာဖိုင်ရွာနဲ့ ဆိုင်ခုန်ဖိုင်ရွာလမ်းမှ မြန်မာ(၅)ဦးသယ်ဆောင်လာတဲ့ ရွှေချောင်း(၂၁၈)ခောျင်းကို သြဂုတ်လ(၂)ရက်မှာ အာသံရိုင်ဖယ်တပ်ရင်းလက်အောက်ခံ အမှတ် ၂၃ တပ်ခွဲမှ တပ်ဖွဲ့ဝင်များနှင့် အကောက်ခွန်အမှုထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဗာဖိုင်ရွာနားမှာ ဖမ်းမိခြင်းကြောင်း အိန္ဒိယသတင်းဌာနတွေက ရေးသားပါတယ်။

ဖမ်းမိထားတဲ့ မြန်မာ ၅ဦးမှာ ချင်းပြည်နယ် ဟားခါးမြို့နယ်နဲ့ တီးတိန်မြို့နယ်ကဖြစ်ပါတယ်။ ယင်းရွှေချောင်းတွေဟာ အိန္ဒိယ ကာလတန်ဖိုး ရူပီး သန်း(၁၁၀)ခန့်ရှိပါတယ်။

အဆိုပါ မြန်မာ ၅ ဦးတို့ဟာ ဗာဖိုင်ရွာနဲ့ ဆိုင်ခုန်ဖိုင်ရွာ လမ်းတစ်လျှောက် ကင်ဘို မော်တော်ဆိုင်ကယ် ၃ စီးဖြင့် ရွှေချောင်းများ သယ်ဆောင်လာကြသည်ကို အာသံရိုင်ဖယ်တပ်ရင်းလက်အောက်ခံ အမှတ် ၂၃ တပ်ခွဲမှ တပ်ဖွဲ့ဝင်များနဲ့ မီဇိုရမ်ရဲတွေပူးပေါင်းပြီး ဖမ်းမိတာဖြစ်ပါတယ်။ ၎င်းတို့အားလုံးကို  မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင်မှာ အမှုဖွင့်ထားပါတယ်။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်