ဧရာဝတီမြစ်ထဲတွင် ချင်းကျောင်းသူတစ်ဦး ရေနစ်ပျောက်ဆုံးပြီး အခုထိရှာမတွေ့သေး

ပခုက္ကူတက္ကသိုလ်တွင်ပညာသင်ကြားနေတဲ့ မိုင်အက္စတာ ဒိန်ဆီးမဲန် (၁၈ နှစ်) ဟာ ဇန်နဝါရီလ (၂၆)ရက်ညနေ (၄)နာရီခန့်တွင် မိန်းကလေးသူငယ်ချင်းတွေနဲ့ ငသယောက်ရေလှောင်တမံအနီး ဧရာဝတီမြစ်ထဲတွင်ရေဆင်းချိုးနေစဉ် ရေနစ်ပျောက်ဆုံးသွားကြောင်း ချင်းကျောင်းသားသမဂ္ဂ (ပခုက္ကူ) ပြန်ကြားရေးက ရေးသားဖော်ပြထားပါတယ်။

၎င်းဟာ ရုက္ခဗေဒဘာသာရပ်ဖြင့် ပညာသင်ယူနေတဲ့ တတိယနှစ်ကျောင်းသူဖြစ်ပါတယ်။ မိုင်အက္စတာ ဒိန်ဆီးမဲန်ဟာ မင်းတပ်မြို့နယ် ကိတ်နားကျေးရွာ ဇာတိဖြစ်ပြီး မတူပီမြို့၊ အနောက်ခိုဘွေရပ်ကွက်တွင် နေထိုင်တဲ့ သင်းအုပ်ဆရာတော် ဦးလောင်းဟွမ်းရဲ့ သမီးဖြစ်ပါတယ်။

လက်ရှိအချိန်တွင် အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများ၊ မြို့ခံလူငယ်များ၊ ကျောင်းသားသူများနဲ့ ဒေသခံ ရေကူသမားများ၊ ကယ်ဆယ်ရေးအဖွဲ့များမှ ရေကူးရှာဖွေနေပါတယ်။

၂၀၁၅- ၂၀၁၆ပညာသင်နှစ်တွင်လည်း ကန်ပက်လက်မြို့နယ်မှ ချင်းကျောင်းသူတစ်ယောက် ဧရာဝတီမြစ်ထဲတွင် ရေနစ်သေဆုံးခဲ့ပါတယ်။

(Zawgyi)

ဧရာဝတီျမစ္ထဲတြင္ ခ်င္းေက်ာင္းသူတစ္ဦး ေရနစ္ေပ်ာက္ဆံုးၿပီး အခုထိရွာမေတြ႔ေသး

ပခုကၠဴတကၠသိုလ္တြင္ပညာသင္ၾကားေနတဲ့ မိုင္အကၥတာ ဒိန္ဆီးမဲန္(၁၈ ႏွစ္)ဟာ ဇန္နဝါရီလ (၂၆)ရက္ညေန (၄)နာရီခန္႔တြင္ မိန္းကေလးသူငယ္ခ်င္းေတြနဲ႔ ငသေယာက္ေရေလွာင္တမံအနီး ဧရာဝတီျမစ္ထဲတြင္ေရဆင္းခ်ဳိးေနစဥ္ ေရနစ္ေပ်ာက္ဆံုးသြားေၾကာင္း ခ်င္းေက်ာင္းသားသမဂၢ (ပခုကၠဴ) ျပန္ၾကားေရးက ေရးသားေဖာ္ျပထားပါတယ္။

၄င္းဟာ ႐ုကၡေဗဒဘာသာရပ္ျဖင့္ ပညာသင္ယူေနတဲ့ တတိယႏွစ္ေက်ာင္းသူျဖစ္ပါတယ္။ မိုင္အကၥတာ ဒိန္ဆီးမဲန္ဟာ မင္းတပ္ၿမိဳ့နယ္ ကိတ္နားေက်းရြာ ဇာတိျဖစ္ၿပီး မတူပီၿမိဳ့၊ အေနာက္ခိုေဘြရပ္ကြက္တြင္ ေနထိုင္တဲ့ သင္းအုပ္ဆရာေတာ္ ဦးေလာင္းဟြမ္းရဲ႕ သမီးျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ အခင္းျဖစ္ေနရာသို့ သက္ဆိုင္ရာ တာဝန္ရွိပုဂၢိဳလ္မ်ား၊ ၿမိဳ့မိၿမိဳ့ဖမ်ား၊ ၿမိဳ့ခံလူငယ္မ်ား၊ ေက်ာင္းသားသူမ်ားနဲ႔ ေဒသခံ ေရကူသမားမ်ား၊ ကယ္ဆယ္ေရးအဖြဲ႕မ်ားမွ ေရကူးရွာေဖြေနပါတယ္။

​၂၀၁၅- ၂၀၁၆ပညာသင္ႏွစ္တြင္လည္း ကန္ပက္လက္ၿမိဳ႕နယ္မွ ခ်င္းေက်ာင္းသူတစ္ေယာက္ ဧရာဝတီျမစ္ထဲတြင္ ေရနစ္ေသဆုံးခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်