ဧရာဝတီမြစ်ထဲရေနစ်ပျောက်ဆုံးသွားတဲ့ ချင်းကျောင်းသူကို ခုထိရှာမတွေ့နိုင်သေး

ဧရာဝတီမြစ်ထဲတွင် ရေနစ်ပျောက်ဆုံးနေတဲ့ ချင်းကျောင်းသူ မိုင်အက်စတာဒိန်ဆီးမဲန်(၁၈ နှစ်)ဟာ ဒီညထိ ရှာမတွေ့သေးတာကြောင့် ၎င်းရဲ့ဖခင်၊ မောင်လေးနဲ့ ချင်းကျောင်းသား(၁၀)ယောက်က မြစ်ကမ်းနဘေးတွင် ညအိပ်စောင့်ဆိုင်းနေတယ်လို့သတင်းရရှိပါတယ်။

ချင်းကျောင်းသားသမဂ္ဂ(ပခုက္ကူ) အကြံပေး ဆလိုင်းဗန်ဘီးနှီဆာက “ဒီနေ့မှာစက်လှေ ၄စီး၊ ရေငုပ်သမားတွေ၊ ရဲတွေ၊ မီးသတ်တွေနဲ့ လူတစ်ရာကျော်က တနေကုန် မိုးချုပ်တဲ့ထိ ရှာပေမယ့်မတွေ့သေးဘူး။ မြစ်ရေက အပေါ်မှာ ငြိမ်နေပေမယ့် မြစ်ကြမ်းပြင်ဘက်မှာရေစီးကသန်တယ်။ မြစ်ကမ်းကနေ ပေ ၂၀ လောက်သွားရင် မြစ်ကြမ်းပြင်က တခါထဲချိုင့်သွားတယ်။ ဒီညလည်း သူနေတဲ့အဆောင်မှာ နှစ်သိမ့်ဆုတောင်းပွဲလုပ်ပေးတယ်” လို့ပြောပါတယ်။

ပခုက္ကူတက္ကသိုလ်တွင်ပညာသင်ကြားနေတဲ့ မိုင်အက်စတာ ဒိန်ဆီးမဲန်ဟာ ဇန်နဝါရီလ (၂၆)ရက်ညနေ (၄)နာရီခန့်တွင် မိန်းကလေးသူငယ်ချင်းတွေနဲ့ ငါ့သရောက်ရေလှောင်တမံအနီး ဧရာဝတီမြစ်ထဲတွင်ရေဆင်းချိုးနေစဉ် ရေနစ်ပျောက်ဆုံးသွားပါတယ်။

၎င်းဟာ ရုက္ခဗေဒဘာသာရပ်ဖြင့် ပညာသင်ယူနေတဲ့ တတိယနှစ်ကျောင်းသူဖြစ်ပါတယ်။ မိုင်အက္စတာ ဒိန်ဆီးမဲန်ဟာ မင်းတပ်မြို့နယ် ကိတ်နားကျေးရွာ ဇာတိဖြစ်ပြီး မတူပီမြို့၊ အနောက်ခိုဘွေရပ်ကွက်တွင် နေထိုင်တဲ့ သင်းအုပ်ဆရာတော် ဦးလောင်းဟွမ်းရဲ့ သမီးဖြစ်ပါတယ်။

၂၀၁၅- ၂၀၁၆ပညာသင်နှစ်တွင်လည်း ကန်ပက်လက်မြို့နယ်မှ ချင်းကျောင်းသူတစ်ယောက် ဧရာဝတီမြစ်ထဲတွင် ရေနစ်သေဆုံးခဲ့ပါတယ်။

(Zawgyi)

ဧရာဝတီျမစ္ထဲေရနစ္ေပ်ာက္ဆုံးသြားတဲ့ ခ်င္းေက်ာင္းသူကို ခုထိရွာမေတြ႔ႏိုင္ေသး

ဧရာဝတီျမစ္ထဲတြင္ ေရနစ္ေပ်ာက္ဆုံးေနတဲ့ ခ်င္းေက်ာင္းသူ မိုင္အက္စတာဒိန္ဆီးမဲန္(၁၈ ႏွစ္)ဟာ ဒီညထိ ရွာမေတြ႕ေသးတာေၾကာင့္ ၎ရဲ႕ဖခင္၊ ေမာင္ေလးနဲ႔ ခ်င္းေက်ာင္းသား(၁၀)ေယာက္က ျမစ္ကမ္းနေဘးတြင္ ညအိပ္ေစာင့္ဆိုင္းေနတယ္လို႔သတင္းရရွိပါတယ္။

ခ်င္းေက်ာင္းသားသမဂၢ(ပခုကၠဴ) အႀကံေပး ဆလိုင္းဗန္ဘီးႏွီဆာက “ဒီေန႔မွာစက္ေလွ ၄စီး၊ ေရငုပ္သမားေတြ၊ ရဲေတြ၊ မီးသတ္ေတြနဲ႔ လူတစ္ရာေက်ာ္က တေနကုန္ မိုးခ်ဳပ္တဲ့ထိ ရွာေပမယ့္မေတြ႕ေသးဘူး။ ျမစ္ေရက အေပၚမွာ ၿငိမ္ေနေပမယ့္ ျမစ္ၾကမ္းျပင္ဘက္မွာေရစီးကသန္တယ္။ ျမစ္ကမ္းကေန ေပ ၂၀ ေလာက္သြားရင္ ျမစ္ၾကမ္းျပင္က တခါထဲခ်ိဳင့္သြားတယ္။ ဒီညလည္း သူေနတဲ့အေဆာင္မွာ ႏွစ္သိမ့္ဆုေတာင္းပြဲလုပ္ေပးတယ္” လို႔ေျပာပါတယ္။

ပခုကၠဴတကၠသိုလ္တြင္ပညာသင္ၾကားေနတဲ့ မိုင္အက္စတာ ဒိန္ဆီးမဲန္ဟာ ဇန္နဝါရီလ (၂၆)ရက္ညေန (၄)နာရီခန႔္တြင္ မိန္းကေလးသူငယ္ခ်င္းေတြနဲ႔ ငါ့သေရာက္ေရေလွာင္တမံအနီး ဧရာဝတီျမစ္ထဲတြင္ေရဆင္းခ်ိဳးေနစဥ္ ေရနစ္ေပ်ာက္ဆုံးသြားပါတယ္။

၎ဟာ ႐ုကၡေဗဒဘာသာရပ္ျဖင့္ ပညာသင္ယူေနတဲ့ တတိယႏွစ္ေက်ာင္းသူျဖစ္ပါတယ္။ မိုင္အကၥတာ ဒိန္ဆီးမဲန္ဟာ မင္းတပ္ၿမိဳ႕နယ္ ကိတ္နားေက်း႐ြာ ဇာတိျဖစ္ၿပီး မတူပီၿမိဳ႕၊ အေနာက္ခိုေဘြရပ္ကြက္တြင္ ေနထိုင္တဲ့ သင္းအုပ္ဆရာေတာ္ ဦးေလာင္းဟြမ္းရဲ႕ သမီးျဖစ္ပါတယ္။

၂၀၁၅- ၂၀၁၆ပညာသင္ႏွစ္တြင္လည္း ကန္ပက္လက္ၿမိဳ႕နယ္မွ ခ်င္းေက်ာင္းသူတစ္ေယာက္ ဧရာဝတီျမစ္ထဲတြင္ ေရနစ္ေသဆုံးခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်