ဩဂုတ်လအတွင်း ကရင်နီပြည်နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁၀)ဦး သေဆုံးပြီး၊ KNDF ရဲဘော် (၅) ဦး ကျဆုံး

ကရင်နီပြည်နယ်၊ ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း (၅၀) ကြိမ်ဖြစ်ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁၀)ဦး သေဆုံးပြီး၊ (၄၀)ဦး ထိခိုက်ဒဏ်ရာရှိကာ၊ အရှင် (၃) ဦး ဖမ်းမိကြောင့် KNDFက စက်တင်ဘာလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

 စစ်ကောင်စီက ဒီးမောဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးအား ထိန်းချုပ်နိုင်ရေးအတွက် ဩဂုတ်လ (၂) ရက်နေ့မှစ၍ စစ်ကြောင်း သုံးကြောင်းဖြင့် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစ ငွေတောင်ရွာသစ်ကျေးရွာ၊ ကဒါးလားကျေးရွာ၊ ထီးသော်ကူးကျေးရွာနှင့် ဒေါညေးခူကျေးရွာများအထိ စစ်ကြောင်းထိုးကာ တပ်စွဲထားသဖြင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ အမြဲရှိနေပြီး စစ်ကောင်စီဘက်က ဒု-ဗိုလ်မှူးကြီးအပါဝင် တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမူများသဖြင့် တိုက်လေယာဉ်များ အသုံးပြုကာ တိုက်ခိုက်သည်ဟု KNDFက ဆိုသည်။

ထို့အပြင် စစ်ကောင်စီက မယ်စဲ့မြို့နယ်ကို ပြန်လည်သိမ်းပိုက်ရန်အတွက် ဖားဆောင်းမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်နီပူးပေါင်းတပ်တပ်ဖွဲ့တို့က ပန်တိန်းကျေးရွာနှင့်အနီးတဝိုက်တွင် တန်ပြန် တိုက်ခိုက်ခဲ့သည်။

အလားတူ ဖယ်ခုံမြို့နယ်မှ လွိုင်ကော်မြို့နယ်အထိ ဖြတ်သန်းသွားလာသော စစ်ကောင်စီ လှုပ်ရှားတပ်ဖွဲ့ဝင်များကို ကရင်နီပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သည့်အပြင်၊ ဒီးမော့ဆိုမြို့နယ်ရှိ နန်းမယ်ခုံကျေးရွာမှ ဒေါငံခါးကျေးရွာအထိ အင်အားဖြန့်ကျက် တပ်စွဲထားသော စစ်ကောင်စီတပ်များကိုလည်း ကရင်နီပူးပေါင်းတပ်များမှ အဆက်မပြတ် ချုံခိုတိုက်ခိုက်ခဲ့သည်။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့အား KNDF မှ တိုက်ခိုက်ခဲ့သော တိုက်ပွဲပေါင်း အကြိမ်ရေ(၅၀)ခန့် ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၁၀)ဦး သေဆုံးခဲ့ကာ၊ (၄၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ KNDF ဘက်မှ ရဲဘော် (၅) ဦး ကျဆုံးခဲ့သည်။ ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် အရှင် (၃)ဦးကို ဖမ်းမိပြီးလက်နက်ငယ်(၁၅)လက် နှင့် လက်နက်ကြီး(၁)လက် အပါအဝင် ဆက်စပ်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိဟု KNDF ထုတ်ပြန်ချက်အရ သိရှိရသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မူကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး၊ ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုရားရှိခိုးကျောင်း (၁) ခု၊ စာသင်ကျောင်း (၂)ခု၊ လူနေအိမ် (၁၈)လုံး ပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်