မြန်မာပြည်မှာ မထွက်လာသေးတဲ့ ဂီတကိုဖန်တီးတဲ့ အကောင်းဆုံး Boy Band ဖြစ်အောင်လုပ်မယ်ဆိုတဲ့ Oxygen အဖွဲ့က R Myoset

ကျွမ်းကျင်ပိုင်နိုင်လှတဲ့ ဂီတသံစဉ်တွေနဲ့ နားဆင်သူတွေရဲ့နှလုံးသားကိုလှုပ်နိုးစေတဲ့ X Factor ပြိုင်ပွဲကနေ လူသိများလာတဲ့ ဦးဦးဖျားဖျား Boy Band တစ်ခုဖြစ်တဲ့ Oxygen အဖွဲ့ထဲက R Myoset ကိုသူတို့အဖွဲ့ခုတလော လှုပ်ရှားမှုအကြောင်း KIM ကမေးမြန်းထားပါတယ်။

မေး- Oxygen ဆိုပြီးတော့ ဖြစ်ပေါ်လာပုံလေးရှင်းပြပါဦး။

ဖြေ- အစကတော့ Oxygen ဆိုပြီးတော့ရှိတာ မဟုတ်ဘူး။ ပြိုင်ပွဲဝင်ပြိုင်ဖို့ သက်သက်ဖွဲ့ခဲ့တာပါ။ ၂၀၁၇ ခုနှစ် မတ်လဖြစ်မယ်။ ကောလိပ်စာမေးပွဲတွင်း first semester လောက်မှာပါ။

မေး- ခွန်အားဆိုတဲ့ Gospel သီချင်းနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ- ကျနော်တို့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ထွန်းထန် သူရေးတဲ့သီချင်းပါ။ ပြိုင်ပွဲမဝင်ခင်ကတည်းက ရေးပြီးသား။ ပြိုင်ပွဲပြီးတာနဲ့ အသံသွင်း MTVနဲ့တင်လိုက်တာပါ။

R Myoset

မေး- Gospel သီချင်းတွေ ဆက်လုပ်ဖို့ရှိလား။

ဖြေ- ရှိပါတယ်။ Gospel သီချင်းချည်းပဲမသွားဘဲ ပရိတ်သတ်တွေရဲ့ အားပေးမှုကို အလဟဿဖြစ်မသွားအောင်ဆိုပြီးတော့ သီချင်းတွေစုနေပါတယ်။ အခွေလိုက်ထုတ်ဖို့မဟုတ်ပဲ Single song တစ်ပုဒ်ပြီးတစ်ပုဒ်ထွက်နိုင်အောင်ကြိုးစားနေပါတယ်။

မေး- လက်ရှိ Oxygen အဖွဲ့ဝင်တွေရဲ့ ပညာရေးအခြေအနေ။

ဖြေ- အားလုံးကျောင်းတက်ဆဲပါ။

မေး- လက်တလော အနုပညာလှုပ်ရှားမှုဘာတွေရှိလဲ။

ဖြေ- ကလေးမြို့မှာ Unplugged Show လေးတွေလိုက်ဆိုနေပါတယ်။ မင်္ဂလာတေးသီချင်းတွေဆိုနေပါတယ်။ အခု ရန်ကုန်မှာ သီချင်းလုပ်နေပါတယ်။

မေး- အနုပညာအပေါ် ရည်မှန်းထားတာကကော။

ဖြေ- အစတုန်းကတော့ ဝါသနာအရပြိုင်တာဖြစ်ပေမယ့် အိပ်မက်ကတော့ နိမ့်နိမ့်လေးမှာမထားဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ မထွက်လာနိုင်သေးတဲ့ ဂီတကိုဖန်တီးတဲ့ အကောင်းဆုံး Boy Band ဖြစ်အောင်လုပ်ပါမယ်။

မေး- ပရိတ်သတ်တွေကို ဘာများပြောချင်တာလဲ။

ဖြေ- ကျနော်တို့က အရင်ဦးဆုံး Gospel သီချင်းဆိုပေမယ့် ပရိတ်သတ်တွေအားလုံး ညီတူညီမျှဖြစ်အောင်လို့ လုပ်မှာပါ။ နောက်ထပ် ဂီတအမျိုးအစားအများကြီးလုပ်ဦးမှာပါ။ Single song တွေအများကြီးလုပ်ဦးမှာပါ။ ပရိတ်သတ်တွေအားပေးမှုမရှိရင် အားမရှိဘူးလေ။

မေး- အားပေးနေတဲ့ပရိတ်သက်တွေတွက် ဆုမွန်တောင်းစကားလေးချွေပေးပါဦး။

ဖြေ- အလုပ်လုပ်တဲ့နေရာတိုင်းမှာ ဘုရားသခင်ကောင်းချီးပေးပါစေ။

 

 

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်