၁၉၉၀ အမတ်ဟောင်း၊ CNFဥက္ကဌဟောင်း ဒေါက်တာဇာလှယ်ထန်အလောင်း မေလ(၂)ရက်ရန်ကုန်ရောက်မယ်

၁၉၉၀ ခုနှစ် ဖလမ်းမြို့နယ်အမတ်ဟောင်းနဲ့ ၂၀၁၂ ခုနှစ် CNF ဥက္ကဌဟောင်း ဒေါက်တာဇာလှယ်ထန်(၇၅ နှစ်)အလောင်းကို မေလ(၂)ရက်နေ့ ည ၁၀:၃၀တွင် အမေရိကန်မှ ရန်ကုန်လေဆိပ်သို့ရောက်ရှိလာမယ်လို့သိရပါတယ်။
ဒေါက်တာဇာလှယ်ထန်ဟာ မတ်လ(၁၇)ရက်နေ့တွင် အဆုပ်ရောင်ရောဂါနဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့နယ် Georgetown University ဆေးရုံမှာကွယ်လွန်ခဲ့တယ်။

၎င်းရုပ်အလောင်းကို ကလေးမြို့နဲ့ ဖလမ်းမြို့တွင်ကြိုဆိုဂုဏ်ပြုကြမှာဖြစ်ပြီး ဖလမ်းမြို့တွင် သဂြိုလ်မယ်လို့သိရပါတယ်။

ဒေါက်တာဇာလှယ်ထန်ဟာ ရန်ကုန်မြို့ မြို့မကျောင်းမှာ ဆယ်တန်းအောင်မြင်ခဲ့ပြီးတော့ ဆေးပ ညာနဲ့ဒေါက်တာဘွဲ့ရရှိခဲ့တယ်။ တက္ကသိုလ်ကျောင်းသားဘဝတွင် နိုင်ငံရေးလှုပ်ရှားမှုတွင်ပါဝင်သောကြောင့် ထောင်ကျခဲ့ပြီး ထောင်ထဲတွင် ဆလိုင်းတင်မောင်ဦးနဲ့တွေ့ဆုံရင်းနှီးခဲ့တယ်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီမှ ဖလမ်းမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှလွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရပြီး စစ်ထောက်လှမ်းရေးကအမျိုးမျိုးနှောင့်ယှက်တာကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်သို့ထွက်ပြေးခဲ့တယ်။

Zalen ad

နောက်ဆုံးရသတင်းများ

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက တောထဲစစ်ရှောင်နေတဲ့ပြည်သူများဆီမှဓားပြတိုက်လုယက်

ဇွန်  ၁၆၊  ၂၀၂၆ Zalen  စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အခုရက်ပိုင်း ကလေး-တမူးလမ်းပိုင်းကို စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက တောတောင်တွေထဲ စစ်ရှောင်နေတဲ့ ပြည်သူများကို ဓားပြတိုက် လုယက်နေတယ်လို့ ဒေသခံများထံကသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က တမူးမြို့ကနေစစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ ...

ဆက်ဖတ်ရန်