နှာရိန်းမြို့ ကျောင်းဧရိယာအတွင်း ထွေအုပ်ရုံးတည်ဆောက်တဲ့နေရာကို ကျောင်းရဲ့ခွင့်ပြုချက်မရှိဘဲတည်ဆောက်တာဟုဆို

နှာရိန်းမြို့ ကျောင်းဧရိယာအတွင်း ထွေအုပ်ရုံးတည်ဆောက်တဲ့နေရာကို ကျောင်းရဲ့ခွင့်ပြုချက်မရှိဘဲတည်ဆောက်တာဟုဆို

ထန်တလန်မြို့နယ် နှာရိန်းမြို့ အ.ထ.ကကျောင်းဧရိယာအတွင်းရှိ ဘောလုံးကွင်းတွင် ထွေအုပ်ရုံးတည်ဆောက်နေတာဟာ ကျောင်းရဲ့ခွင့်ပြုချက်မရှိဘဲတည်ဆောက်နေတာဖြစ်တယ်လို့ နှာရိန်း အ.ထ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်ငွန်ပါရ်ကဆိုပါတယ်။

နှာရိန်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ဖြစ် ၂၀၁၉ ခုနှစ် ဇွန်လတွင်စတင်တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါ့ပြင် ဘောလုံးကွင်းပေါ်တွင် ၂၀၁၆ ခုနှစ်တွင်ကားလမ်းဖောက်လုပ်ထားပါတယ်။

ထွေအုပ်ရုံးဆောက်ဖို့ အုတ်မြစ်တူးထားတာတွေ့ရစဉ်

ဒါကြောင့် ဇူလိုင် ၁၄ ရက်တွင် နှာရိန်းမြို့သား ၂၇၀ လောက်က ဆန္ဒဖော်ထုတ်ကြပါတယ်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်ငွန်ပါရ်က “ထွေအုပ်ရုံးဆောက်ဖို့ ကျမကိုလာပြီးညိုနှိုင်းတာမရှိဘူး။ ရုံးဆောက်မယ့်ကိစ္စအစည်းအဝေးကိုလည်းကျမဘာမှမသိဘူး။ ဒီကျောင်းကို ၂၀၁၇ သြဂုတ်မှာကျမရောက်လာတယ်။ ကျမ မရောက်ခင်က ဘောလုံးကွင်းပေါ်လမ်းတော့ဖောက်ထားပြီ။ ဘောလုံးကွင်းက ကျောင်းရဲ့ ပုံစံ ၁၀၅/၁၀၆ အတွင်းမှာရှိတော့ ထူးခြားဖြစ်စဉ်အနေနဲ့ ဒီကိစ္စကိုအထက်မှာတင်ပြမယ်။ မြေနေရာစွန့်လွတ်တဲ့စာတမ်းလည်းမတွေ့ဘူး။ ရုံးဆောက်တဲ့နေရာက ကျောင်းနဲ့ ၁၀ ပေလောက်ပဲကွာတယ်။ စက်ကြီးတွေနဲ့တူးတော့ ကျောင်းဘက်လည်းမြေပြိုတော့ အန္တရာယ်ရှိတယ်။ ကလေးတွေကစားမယ့်နေရာတွေမရှိတော့ဘူး။ ရုံးဆိုတာအများနဲ့ဆိုတော့ ကြာလာရင်ပြဿနာဖြစ်မှာလည်းစိုးရိမ်တယ်” လို့ပြောပါတယ်။

ဝန်ကြီး ဦးစိုးထက်က “လမ်းကတော့ နဂိုကတည်းကဖော်ပြီးသား။ ရုံးဆောက်ဖို့ မြို့မိ၊မြို့ဖတွေ၊ မြို့အုပ်ချုပ်ရေးမှူးတွေကသဘောတူထားတယ်။ သူတို့ကတောင် နှစ်ထပ်နဲ့ဆောက်ဖို့ပြောပေမယ့် တစ်ထပ်ပဲဆောက်မယ်လို့သိရတယ်။ အဲ့မှာ ရုံးဆောက်တာ သဘောမတူရင်တော့ ရုံးဆောက်မယ့်ဘတ်ဂျက်ကိုပြန်အပ်ဖို့ပဲရှိတော့တယ်။ မကြာခင်ဘတ်ဂျက်နှစ်လည်းကုန်တော့မှာဆိုတော့ တခြားမြေကွက်ရှာရတာမလွယ်ဘူး” လို့ပြောပါတယ်။

နှာရိန်းမြို့ ဆန္ဒပြပွဲတွင် တက်ကြွလှုပ်ရှားသူ ဆလိုင်းမိုက်ကယ်ထောင်လျန်ထန်က “ဘောလုံးကွင်းအလည်ကိုဖြတ်ပြီးလမ်းဖောက်တဲ့ချိန်ကလည်း ကန့်ကွက်တယ်။ ဝန်ကြီးချုပ်ဆီလည်းစာရေးပေမယ့်ဘာမှဆောင်ရွက်ပေးတာမရှိဘူး။ အခုအဲ့ဒီဘောလုံးကွင်းမှာပဲ ထွေအုပ်ရုံးကို ပေ ၆၀x၁၀၀ လာဆောက်နေတယ်။ ဆိုတော့ ကျောင်းသားတွေကစားဖို့ ဘောလုံးကွင်းကမကျန်တော့သလောက်ဖြစ်နေပြီ။ ကျောင်းနဲ့ တစ်မိုင်ခွဲကျော်မှာ စံချိန်မီဘောလုံးကွင်းတော့ရှိတယ်။ အဲ့နေရာထိ ကျောင်းသားတွေ သွားကစားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီကွင်းက ကျနော်တို့အဘိုးအဖွားတွေကလက်နဲ့တူးလာတဲ့ကွင်းဆိုတော့တန်ဖိုးထားတယ်။ ဘောလုံးကွင်းတွက်မသုံးရင်တောင် ဘာအဆောက်အအုံးမှမဆောက်ပဲ ရွာလှပစေဖို့ဒီတိုင်းပဲရှိစေချင်တယ်။ ရုံးဆောက်ဖို့ မြို့ခံလူကြီးတွေသဘောတူတယ်ပြောရအောင် ဘောလုံးကွင်းက ပြည်သူပိုင်မှမဟုတ်တာ။ ပညာရေးကပိုင်တယ်။ ဒီကိစ္စမှာ ပညာရေးဘက်က သဘောတူမတူဆိုတာ အရေးကြီးတယ်။ ပညာရေးဘက်ကတေ သဘောမတူလို့ စာတွေတင်ထားတာရှိတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်