ZRA က PDF လူတွေကို တတိယအကြိမ်ဖမ်းဆီးရိုက်နှက်

ZRA လို့ခေါ်တဲ့ ဇိုမီးတော်လှန်ရေး တပ်မတော်(အရှေ့ပိုင်းတိုင်း) အင်အား ၂၈ ယောက်က Hualngo PDF (ဟွာလ်ငို PDF)လူတွေကိုရှာဖွေရင်း တီးတိန်မြို့နယ် Thinglei ရွာထဲက Hualngo PDFတပ်ဖွဲ့ဝင်မိသားစု ၅ ယောက်ကို စက်တင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးရိုက်နှက်ကြတယ်လို့သတင်းရရှိထားပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာ (၁၉)ရက် နံနက် ၆ နာရီလောက်တွင် ဇိုမီးတော်လှန်ရေး တပ်မတော်(အရှေ့ပိုင်းတိုင်း) က အင်အား ၂၈ ယောက်ဟာ လက်နက်ကိုင်ဆောင်ပြီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အိန္ဒိယနယ်စပ်အနီး Thinglei ရွာမှာဝင်ကာ Hualngo PDF လူတွေကိုရှာဖွေကြပါတယ်။

ရွာထဲမှာ Hualngo PDF တပ်ဖွဲ့သားတွေမတွေ့တာကြောင့် ၄င်းတို့မိသားစုထဲက တစ်အိမ်ထောင်မှာ ၁ ယောက်နှုန်း အမျိုးသား ၅ ယောက်ကိုခေါ်ဆောင်ပြီး ရွာအနီးက ပွန်ဒေါင်းချောင်းကိုခေါ်ကာ မျက်စီကိုအဝတ်စနဲ့အုပ်၊ လက်ကိုနောက်ပြန်ကြိုးတုတ်ကာ ဒူးထောက်ခိုင်းပြီး ရိုက်နှိက်ကြပါတယ်။

၄င်းတို့မိသားစုနဲ့နီးစပ်သူတစ်ယောက်က “သူတို့က Hualngo PDF တွေနေတဲ့နေရာကို မေးကြတယ်။ ၅ ယောက်ထဲက ၃ ယောက်နေ့ခင်းပိုင်းမှာရွာကိုပြန်ခိုင်းတယ်။ ၂ ယောက်ကတော့ ဆက်ဖမ်းပြီးတော့ ဆက်ရိုက်တယ်။ ညအချိန်မှာပဲ ရွာကိုပြန်ခိုင်းတယ်။ ပြီးတော့ ဆေးကုသဖို့ မီဇိုရမ်ပြည်နယ်ဘက်ကူးလာကြတယ်။ သူတို့က AK, M16 တွေကိုင်ထားတယ်။ သူတို့ရိုက်နှက်တဲ့ တစ်ယောက်ကတော့ နောက်ကြောတပြင်လုံး ညိုမဲနေတယ်။ တကိုယ်လုံး ရိုက်နှိက်တဲ့အရာတွေကြီးပဲ။ သစ်ကိုင်းကိုခုတ်ပြီး တုတ်ချောင်း ၅ ချောင်းကျိုးသွားတဲ့ထိရိုက်တာ။ တစ်ယောက်က ခေါင်းလည်းချုပ်ရတယ်။ လည်ပင်း၊ နောက်ကြော၊ ပေါင်မှာ ညိုမဲနေတယ်။ တစ်ယောက်ကတော့ မျက်နှာ နဲ့ ခေါင်းတွေမှာဒဏ်ရာရတယ်” လို့ပြောပါတယ်။

ဇိုမီးတော်လှန်ရေး တပ်မတော်(အရှေ့ပိုင်းတိုင်း)ဟာ ၂၀၂၁ ခုနှစ် မေလ (၂၂ )ရက်နဲ့ ဇွန်လ (၁၆)ရက်တွင် အိန္ဒိယ-မြန်မာ နယ်စပ်မှာ စခန်းချလေ့ကျင့်နေတဲ့ PDF –Zoland စခန်းကိုဝင်ရောက်တိုက်ခိုက်ကာ လူငယ်တွေကို ဖမ်းဆီးရိုက်နှက်ခဲ့ကြတယ်။

အခုလို ZRA က PDFလူတွေကိုအကြမ်းဖက်တိုက်ခိုက်နေတာကြောင့် တီးတိန်၊ တွန်းဇံ၊ ကလေးကဘော်ဒေသက ZRA နဲ့ ကသည်းလက်နက်ကိုင်တွေကို ပူးပေါင်းကူညီတဲ့ လူပုဂ္ဂိုလ်တွေရဲ့ သတင်းအချက်အလက်တွေရှာဖွေစုဆောင်းပြီး PDF-Zoland နဲ့ PDF (Kalay) တို့မဟာမိတ်ဖွဲ့ကာ အရေးယူမယ်လို့ စက်တင်ဘာ ၂၆ ရက်ကကြေညာချက်ထုတ်ပြန်ထားပါတယ်။

Zawgyi

ZRA က PDF လူေတြကို တတိယအၾကိမ္ဖမ္းဆီးရိုက္ႏွက္

ZRA လို႔ေခၚတဲ့ ဇိုမီးေတာ္လွန္ေရး တပ္မေတာ္(အေရွ႕ပိုင္းတိုင္း) အင္အား ၂၈ ေယာက္က Hualngo PDF (ဟြာလ္ငို PDF)လူေတြကိုရွာေဖြရင္း တီးတိန္ၿမိဳ႕နယ္ Thinglei ရြာထဲက Hualngo PDFတပ္ဖြဲ႔ဝင္မိသားစု ၅ ေယာက္ကို စက္တင္ဘာ ၁၉ ရက္ေန႔က ဖမ္းဆီးရိုက္ႏွက္ၾကတယ္လုိ႔သတင္းရရွိထားပါတယ္။

ျဖစ္စဥ္မွာ စက္တင္ဘာ (၁၉)ရက္ နံနက္ ၆ နာရီေလာက္တြင္ ဇိုမီးေတာ္လွန္ေရး တပ္မေတာ္(အေရွ႕ပိုင္းတိုင္း) က အင္အား ၂၈ ေယာက္ဟာ လက္နက္ကိုင္ေဆာင္ၿပီး ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ အိႏိၵယနယ္စပ္အနီး Thinglei ရြာမွာဝင္ကာ Hualngo PDF လူေတြကိုရွာေဖြၾကပါတယ္။

ရြာထဲမွာ Hualngo PDF တပ္ဖြဲ႔သားေတြမေတြ႔တာေၾကာင့္ ၄င္းတို႔မိသားစုထဲက တစ္အိမ္ေထာင္မွာ ၁ ေယာက္ႏႈန္း အမ်ဳိးသား ၅ ေယာက္ကိုေခၚေဆာင္ၿပီး ရြာအနီးက ပြန္ေဒါင္းေခ်ာင္းကိုေခၚကာ မ်က္စီကိုအဝတ္စနဲ႔အုပ္၊ လက္ကိုေနာက္ျပန္ၾကိဳးတုတ္ကာ ဒူးေထာက္ခိုင္းၿပီး ရိုက္ႏွိက္ၾကပါတယ္။

၄င္းတုိ႔မိသားစုနဲ႔နီးစပ္သူတစ္ေယာက္က “သူတို႔က Hualngo PDF ေတြေနတဲ့ေနရာကို ေမးၾကတယ္။ ၅ ေယာက္ထဲက ၃ ေယာက္ေန႔ခင္းပိုင္းမွာရြာကိုျပန္ခုိင္းတယ္။ ၂ ေယာက္ကေတာ့ ဆက္ဖမ္းၿပီးေတာ့ ဆက္ရိုက္တယ္။ ညအခ်ိန္မွာပဲ ရြာကိုျပန္ခိုင္းတယ္။ ၿပီးေတာ့ ေဆးကုသဖို႔ မီဇိုရမ္ျပည္နယ္ဘက္ကူးလာၾကတယ္။ သူတို႔က AK, M16 ေတြကိုင္ထားတယ္။ သူတို႔ရိုက္ႏွက္တဲ့ တစ္ေယာက္ကေတာ့ ေနာက္ေၾကာတျပင္လံုး ညိဳမဲေနတယ္။ တကိုယ္လံုး ရိုက္ႏွိက္တဲ့အရာေတြၾကီးပဲ။ သစ္ကိုင္းကိုခုတ္ၿပီး တုတ္ေခ်ာင္း ၅ ေခ်ာင္းက်ဳိးသြားတ့ဲထိရိုက္တာ။ တစ္ေယာက္က ေခါင္းလည္းခ်ဳပ္ရတယ္။ လည္ပင္း၊ ေနာက္ေၾကာ၊ ေပါင္မွာ ညိဳမဲေနတယ္။ တစ္ေယာက္ကေတာ့ မ်က္ႏွာ နဲ႔ ေခါင္းေတြမွာဒဏ္ရာရတယ္” လို႔ေျပာပါတယ္။

ဇိုမီးေတာ္လွန္ေရး တပ္မေတာ္(အေရွ႕ပိုင္းတိုင္း)ဟာ ၂၀၂၁ ခုႏွစ္ ေမလ (၂၂ )ရက္နဲ႔ ဇြန္လ (၁၆)ရက္တြင္ အိႏိၵယ-ျမန္မာ နယ္စပ္မွာ စခန္းခ်ေလ့က်င့္ေနတဲ့ PDF –Zoland စခန္းကိုဝင္ေရာက္တုိက္ခိုက္ကာ လူငယ္ေတြကို ဖမ္းဆီးရိုက္ႏွက္ခဲ့ၾကတယ္။

အခုလုိ ZRA က PDFလူေတြကိုအၾကမ္းဖက္တိုက္ခိုက္ေနတာေၾကာင့္ တီးတိန္၊ တြန္းဇံ၊ ကေလးကေဘာ္ေဒသက  ZRA နဲ႔ ကသည္းလက္နက္ကိုင္ေတြကို ပူးေပါင္းကူညီတဲ့ လူပုဂၢိဳလ္ေတြရဲ႕ သတင္းအခ်က္အလက္ေတြရွာေဖြစုေဆာင္းၿပီး PDF-Zoland နဲ႔ PDF (Kalay) တို႔မဟာမိတ္ဖြဲ႔ကာ အေရးယူမယ္လုိ႔ စက္တင္ဘာ ၂၆ ရက္ကေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

 

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်