အမေရိကန်နိုင်ငံတွင် Government Shutdown ဘာကြောင့်ဖြစ်တာလဲ?

Willings

၂၇၊ စက်တင်ဘာလ၊ ၂၀၂၃

၁၈၈၄ ခုနှစ်တွင် Antideficiency Act အောက်တွင်အတည်ပြုခဲ့သော ဥပဒေအရ ဖယ်ဒရယ်အေဂျင်စီများဟာ အောက်လွတ်တော်ရဲ့ ခွင့်ပြုချက်မရပဲ မည်သည့်ဘတ်ဂျက်ကိုမှ အသုံးပြုခွင့်မရှိပါဘူး။ အောက်လွှတ်တော်ဟာ လျှာထားငွေဆိုင်ရာမူ ၁၂ ချက်ကို အတည်မပြုနိုင်ပါက ၊ ဖယ်ဒရယ်အေဂျင်များအားလုံးဟာ အောက်လွှတ်တော်ရဲ့ ခွင့်ပြုချက်မရှိပဲ အရေးပေါ်မဟုတ်သော လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းရမှာဖြစ်ပါတယ်။ ဒါကို government shutdown (အစိုးရပိတ်သိမ်းခြင်း) လို့ ခေါ်ပါတယ်။

အကယ်၍ အောက်လွှတ်တော်ဟာ လျှာထားငွေဆိုင်ရာမူ တစ်ချို့ကို အတည်ပြုနိုင်ပေမယ့် ၁၂ ခုလုံးကို အတည်မပြုနိုင်ပါက လျှာထားငွေမရသေးသော အေဂျင်စီများသာ ပိတ်သိမ်းရမှာဖြစ်ပါတယ်။ ဒါကို တစိတ်တပိုင်းပိတ်သိမ်းခြင်း (partial shutdown) လို့ခေါ်ပါတယ်။ Government Shutdown ဖြစ်လာရင် ဘာတွေဖြစ်လာမှာလဲ? အစိုးရ shutdown များဖြစ်ပေါ်ချိန်တွင် ဖယ်ဒရယ်အစိုးရဝန်ထမ်းများဟာ အလုပ်သွားရန် မလိုပါဘူး။ ဒါပေမယ့် ၂၀၁၉ တွင် အတည်ပြုခဲ့သော ဥပဒေအရ သူတို့ဟာ အလုပ်မသွားရင်လည်း လစာရမှာဖြစ်ပါတယ်။ အရေးကြီးတဲ့ ဝန်ဆောင်မှုများဖြစ်တဲ့ လေကြောင်းလိုင်းနှင့် တရားရေးတွင် အလုပ်လုပ်သူများကတော့ အလုပ်သွားရမှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကလည်း အောက်လွှတ်တော်က shutdown ကိုအဆုံးမသတ်ပါက လစာမရကြပါဘူး။

Zalen ad

Social Security နှင့် Medicare တို့ကတော့ ဆက်လက်လည်ပတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကတော့ အောက်လွှတ်တော်ရဲ့ နှစ်စဉ်အတည်ပြုချက် မလိုသောကြောင့် ဖြစ်ပါတယ်။ ပြီးတော့ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အတိုးနှုန်းကိုလည်း အချိန်မှန်ပေးနိုင်ပါတယ်။ Shutdown ကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးများစွာ ရှိနိုင်ပါတယ်။ နိုင်ငံကူးလက်မှတ်လျှောက်ခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်းချေးငွေ သို့မဟုတ် အစိုးရထောက်ပံ့ကြေးငွေတို့ကိုလည်း ထိခိုက်စေမှာဖြစ်ပါတယ်။ အစားအစာ လုံခြုံရေးတွင်လည်း စစ်ဆေးမှုနည်းပါးလာမှာဖြစ်ပြီး အခြားသော ပြဿနာများစွာကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ Shutdown ဖြစ်ပွားချိန်တွင် နိုင်ငံတော်သမ္မတဟာ သူ့ရဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဖယ်ဒရယ်တရားရုံးနှင့် အောက်လွှတ်တော်အမတ်များနှင့် မိမိရဲ့ လုပ်ငန်းတာဝန်ကို ဆက်လက်ဆောင်ရွက်သင့်ကြောင့် ခံယူထားသူများဟာ အလုပ်မနားပဲ မိမိရဲ့တာဝန်ကို ထမ်းဆောင်နိုင်ပါတယ်။ ဒါပေမယ့် တချို့တရားသူကြီးများနှင့် အရေးပါတဲ့ အောက်လွှတ်တော်ဝန်ထမ်းများကတော့ အလုပ်မဆင်းပဲ နေခွင့်ရှိပါတယ်။ Shutdown ဖြစ်ပေါ်ချိန်တွင် တရားရုံးများကလည်း သူတို့ ရရှိထားတဲ့ ဝင်ငွေအနည်းငယ်နဲ့ ဆက်လက်လည်ပတ်မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ရန်ကုန်မှာ စက်သုံးဆီချွေတာရေး စုံ/မ စနစ် စတင်၊ လမ်းပေါ်မှာ ကားတွေ စစ်ဆေးနေ

မတ် ၇၊ ၂၀၂၆Zalen စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်ပြားကို စုံ/မ ခွဲပြီး မောင်းနှင်ရမယ့် စနစ်ကို မတ်လ ၇ ရက်နေ့ကစပြီး ရန်ကုန်မှာ စတင်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ လမ်းပေါ်တွေမှာ စစ်ကောင်စီရဲ့ ယာဉ်ထိန်း‌ရဲတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တွေက ကားတွေကို ...

ဆက်ဖတ်ရန်