ကလေးမြို့နယ်မှာ တစ်ရက်အတွင်း အရပ်သား လေးဦး ပစ်သတ်ခံရ၊ တစ်ပတ်အတွင်း သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

၂၈၊ ဖေဖော်ဝါရီ၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်က ပစ်ခတ်သတ် ဖြတ်လို့ အရပ်သား လေးဦး သေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၂၁ရက်နေ့ကနေ ၂၇ ရက်နေ့အထိ တစ်ပတ် အတွင်း သေဆုံးတဲ့ အရပ်သား ၁၄ ဦးအထိ ရှိလာပြီးလို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့၊ ဒိုးဝိုင်းချောင်းအနီးမှာ ဆိုင်ကယ်စီးလာတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပြီး ချင်းပြည်နယ်၊ ခိုင်ကမ်းနဲ့ ကလေးမြို့အဆက်အနီးမှာ အသက် ၃ဝ ကျော်အရွယ် အမျိုးသားတစ်ဦး ဆိုင်ကယ်စီးလာရင်း စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ကလေးမြို့ ဘူတာလမ်းခွဲအနီးမှာ ဆိုင်ကယ်ဆီထည့်နေတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့သလို စမ်းမြို့ရပ်ကွက်၊ ဘုန်းကြီးကျောင်းအနီးမှာ ခရီးသည်ပို့ဖို့ သွားတဲ့ သုံးဘီးဆိုက်တွဲ မောင်းသူ အမျိုးသားတစ်ဦးလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

Zalen ad

“ စစ်သားတွေက လက်နက်ကြီးတွေနဲ့လည်းပစ်တယ်၊ လမ်းပေါ်မှာတွေ့တဲ့ သူတွေအကုန် သေနတ်နဲ့ ပစ်နေတာ။ အပြင်ကို မထွက်ရဲတော့ဘူး။ မနေ့က တစ်နေ့တည်း လေးယောက်ပွဲချင်းပြီးပဲ။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ကျွန်တော်တို့ အပြင်ကို မထွက်ရဲကြဘူး။ ဆိုင်လည်း မဖွင့်ရဲကြဘူး။ ” လို့ ကလေးမြို့ခံတစ်ဦးက Zalen ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ နှစ်ဖက်အခြေနေတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၁ရက်နေ့မှာ မွန်းလိုင်ရပ်ကွက်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံ သုံးဦး သေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၂၂ရက်နေ့ ကြို့သုံးပင်ရပ်ကွက်မှာ ဒေသခံ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၁ရက်နေ့နဲ့ ၂၂ရက်နေ့မှာ ကလေးမြို့နယ် စက္ကန့်ကျေးရွာနဲ့ မြို့လှရပ်ကွက်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံ သုံးဦးသေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၂၂ရက်နေ့မှာ တာဟန်းရပ်ကွက်၊ ပန်းသီးတိုက်အနီး မှာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းပစ်ခတ်မှု သုံးရက်ဆက်တိုက်ပြုလုပ်

မေ ၁၃ ၊၂၀၂၆Zalen ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ် ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၃ ရက်ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ဒီကနေ့ ညနေ ၄ နာရီ၀န်းကျင်တုန်းကလည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းကနေ တကြိမ် ...

ဆက်ဖတ်ရန်