ကြားဖြတ်ရွေးကောက်ပွဲကြိုတင်မဲကို ပခုက္ကူတက္ကသိုလ်က ကန်ပက်လက်ကျောင်းသား တစ်ဝက်ကျော်ကမဲပေး

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပခုက္ကတက္ကသိုလ်မှာကျောင်းတက်နေတဲ့ ကန်ပက်လက်ကျောင်းသားတွေက ဒီနေ့(အောက်တိုဘာ ၃၁ရက်) ကြိုတင်မဲပေးကြတယ်လို့သိရပါတယ်။

ပခုက္ကူတက္ကသိုလ်က ကန်ပက်လက်ကျောင်းသူ၊သား ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၉၉)ဦးရှိတဲ့အနက် ကျောင်းသူ၊သား (၆၉)ဦးက လာရောက်မဲထည့်ကြတယ်လို့ ပခုက္ကူတက္ကသိုလ်က ဆရာမ ဟုန်းရောင်ထံကသိရပါတယ်။

ကြိုတင်မဲပေးတဲ့ချိန်က အောက်တိုဘာ(၃၁)ရက် နံနက်(၈း၃၀)နာရီကနေ ညနေ(၅)နာရီထိ ကျွန်းရွှေဝါခန်းမတွင်မဲပေးကြပါတယ်။

ဆရာမဟုန်းရောင်က “အစကတည်းက ကြိုတင်မဲပေးဖို့ကြေညာထားပေမယ့် အခုချိန်က စာမေးပွဲနဲ့တိုက်နေတော့ မဲလာမပေးတဲ့သူတွေ၊ မသိလိုက်တဲ့သူတွေလည်းရှိတယ်။ ကျမကတော့ တက်နိုင်သလောက် ကျမသိတဲ့ကျောင်းသားတွေကိုမဲပေးဖို့နှိုးဆော်ထားတယ်”လို့ပြောပါတယ်။

Zalen ad

ကန်ပက်လက်မြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ (၁၂,၄၅၁)ဦးရှိတယ်လို့ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးစာရင်းအရသိရတယ်။

ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD, USDP, CNDP နဲ့ CPP ကိုယ်စားလှယ်လောင်းတွေက ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်