တွန်းဇံမြို့ပေါ်က စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ခိုက်

၁၆၊ မေ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တွန်းဇံမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို CNA ပါ၀င်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက မေလ ၁၆ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ တွန်းဇံမြို့၊ စစ်ကောင်စီတပ် ခလရ – ၂၆၉ တပ်စခန်းကို ချင်းပြည်ကောင်စီအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ချင်းကာကွယ်ရေးပူးပေါင်းတပ်က စတင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Zalen ad

တပ်ကုန်းစခန်းနဲ့ တွန်းဇံမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးကို CNA ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” မနက်ပိုင်းကတည်းက ဒီနေ့ တစ်နေ့ကုန် တိုက်‌နေကြတာ။ စကစက ရှိတဲ့ နေရာတွေကို တော်လှန်ရေးအဖွဲ့က ဒရုန်းနဲ့ ကြဲနေတာ။ အသံတွေလည်း ကြားနေရတယ်။ အရင်ကလည်း မြို့ပေါ်မှာ ပစ်ခတ်မှု ဖြစ်သေးတယ်လေ။ ” လို့ တွန်းဇံမြို့ခံ တစ်ဦးက ‌ပြောပါတယ်။

မေလ ၁၁ ရက်နေ့ ညပိုင်းမှာ တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာ (Lungtak) မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဘာသာရေးအဆောက်ဦး နှစ်ခုနဲ့ ဒေသခံတွေရဲ့ နေအိမ် လေးလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လုံတပ်ကျေးရွာ(Lungtak)၊ ဖိုင်တူ (Phaitu)နဲ့ နာ့ဇန် (NakZang) စတဲ့ ကျေးရွာ သုံးရွာက ဒေသခံတစ်ထောင်ခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ရက်နေ့က တွန်းဇံမြို့နယ်မှာ တိုက်ပွဲဖော်ဆောင်တာတွေ မလုပ်ကြဖို့ တွန်းဇံမြို့မိမြို့ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေက တောင်းဆို ထုတ်ပြန်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်