ချင်းလဲန်းကောင်စီ နဲ့ ချင်းညီနောင်ကြား ပြေလည်မှုရရှိရန် ZORO က ကိုယ်စားလှယ်အဖြစ်ဆောင် ရွက်မယ်

၆၊ဩဂုတ်၊၂၀၂၄

Zalen

ချင်းလဲန်းကောင်စီ နဲ့ ချင်းညီနောင်တို့ကြားက အမြင်မတူ ကွဲပြား နေမှုဖြေရှင်းနိုင်ဖို့ မီဇိုရမ်အခြေစိုက် ဇိုးပြန်လည်ပေါင်းစည်းရေးအဖွဲ့ (Zo Re-Unification – ZORO) က ကြားထဲမှာ ကိုယ်စားလှယ်အနေနဲ့ ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။

မနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ ချင်းလဲန်းကောင်စီ/အစိုးရ ဝန်ကြီးချုပ် ဦးပါထန်း ဦးဆောင်တဲ့အဖွဲ့နဲ့ ZORO အဖွဲ့တို့ဟာ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ရှိ ZORO ရုံးမှာ တွေ့ဆုံခဲ့ကြကာ ချင်းလူမျိုးအချင်းချင်းကြား ပြေလည်မှုရရှိနိုင်ဖို့အတွက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

Zalen ad

“ချင်းပြည်နယ်မှာ ရှိကြတဲ့ ချင်းလဲန်းကောင်စီနဲ့ ချင်းညီနောင်တို့ကြား အမြင်မတူတာတွေရှိပြီး သေနတ်ပစ်ဖောက်တဲ့အထိ ဖြစ်လာတာကို ZORO က ကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ဟာ ညီအကိုတွေဖြစ်ကြတာကြောင့် ကျွန်တော်တို့ကြားမှာ စည်းလုံးညီညွတ်မှုရှိနိုင်ဖို့အတွက် နဲ့ နှစ်ဖက်အဖွဲ့အစည်းကြားပြေလည်မှုရဖို့အတွက် ကျွန်တော်တို့က ငြိမ်းချမ်းရေးအကျိုးဆောင်ကိုယ်စားလှယ် လုပ်ပေးဖို့ စီစဉ်ထားတယ်။”လို့ ZORO ဘက်ကပြောပါတယ်။

ချင်းလဲန်းကောင်စီ အဖွဲ့ဘက်ကလည်း “ယခုလို ZORO အဖွဲ့က အချင်းချင်းကြားငြိမ်းချမ်းရေး အကျိုးဆောင်အနေနဲ့ ဆောက်ရွက်ပေးတာဟာ ကောင်းတယ်။ ကျွန်တော်တို့ ချင်းလဲန်းကောင်စီ အနေနဲ့ ညီအကိုအချင်းချင်းကြား စာပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးပြီးအဖြေရှာကြဖို့ကို လိုလားနေတာဖြစ်ပြီး တံခါးလည်းအမြဲတမ်းဖွင့်ထားတာဖြစ်တယ်။ညီအကိုအချင်းချင်းကြား ပစ်ခတ်မှုတွေကိုမလိုချင်ဘူး။ နီးနီးကပ် ကပ်နဲ့ ရင်းရင်းနှီးနှီး နေချင်တယ်။”လို့ပြောဆိုသွားပါတယ်။

ZORO အနေနဲ့ ချင်းလဲန်းကောင်စီနဲ့ ချင်းညီနောင်တို့အကြား ဖြစ်ပွားနေသော သဘောထားကွဲလွဲမှုနဲ့ပတ်သက်ပြီး ပြေလည်မှုရှိလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကာ အဆင်ပြေမယ့် အစောဆုံးအချိန်မှာ ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းဆွေးနွေးပွဲ ပြုလုပ်ပေးသွားဖို့ စီစဉ်ထား တယ်လို့သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်