မင်းတပ်မြို့ပေါ်အနီးတဝိုက်ကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်

၂၀၊အောက်တိုဘာ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့အရှေ့ပြင်ရပ်ကွက် ဦး၀မ္မသူးမောင်း ပန်းခြံအနီးအနားရှိ နေရာတွေကို အောက်တိုဘာ ၁၉ ရက်နေ့ မနေ့က ည ၉နာရီခွဲ၀န်းကျင်မှာစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီက ‌ဂျက်ဖိုက်တာ နှစ်စီးနဲ့ ပေါင် ၅၀၀ အားရှိတဲ့ဗုံးသီး ၅ လုံးကျော် ကြဲချကာ တိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့သိရပါတယ်။

Zalen ad

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေရှိ၊မရှိကို မသိရှိရသလို ဖုန်းလိုင်းပြတ်တောက်ခံရမှုတွေကြောင့် ဆက်သွယ်ရခက်ခဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“လေကြောင်းတိုက်ခိုက်တဲ့နေရာကရွာကနေ လှမ်းမြင်ရတယ်၊နေရာတော့အတိအကျမသိဘူး၊ဖုန်းလိုင်းတွေလည်း ပြတ်တာတောက် လျှောက်ပါပဲ၊ထိခိုက်မှုရှိ၊မရှိဆိုတာတော့အသေးစိတ် မပြောတတ်ဘူး၊ထွက်လည်းမကြည့်ရဲဘူး။ ပုန်းနေရတာ” လို့ မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကလည်းမင်းတပ်မြို့၊တိုက်နယ်အမှတ် ၄ ဘက်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့လို့ ထိခိုက်မှုတွေ ရှိနေတယ်လို့သိရပါတယ်။

သတင်း – မိုးပီအောင်

နောက်ဆုံးရသတင်းများ

မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များက လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူ

ဧပြီ ၂၈၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ် မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များဝင် ရောက်လာ ပြီး လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူနေတယ်ဆိုတဲ့ ရုပ်သံတခု အွန်လိုင်းလူမှုမီဒီယာတွင် ပျံ့နှံ့လာပါတယ်။ ယင်းဖြစ်စဉ်မှာ ...

ဆက်ဖတ်ရန်