တမူးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ရှမ်းနီလက်နက်ကိုင်များ ခိုက်ရန်ဖြစ်ပွားလို့ ‌ရဲတစ်ဦးသေဆုံး

ဖေဖော်ဝါရီ ၁၂ရက် ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် မင်းသာကျေးရွာအခြေစိုက် စစ်ကောင်စီစခန်းမှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နဲ့ SNA ရှမ်းနီလက်နက်ကိုင်များ ကြား ဖေဖော်ဝါရီလ ၉ရက်နေ့က ခိုက်ရန်ဖြစ်ပွားလို့ ရဲတပ်သား အေးကျော် ကျည်ထိမှန်သေဆုံးသွားတယ်လို့ သတင်းအရင်းမြစ်တစ်ခုစီက သိရပါတယ်။

“ဖေဖော်ဝါရီ ၉ရက်နေ့ နေ့လည် ၁၂နာရီ‌လောက် က ရဲတပ်ဖွဲ နဲ့ SNA ရှမ်းနီတပ်ချို့ အရက်ဘီယာ သောက်စားမူးယစ်နေကြတာ။အဲမှာစကားအခြေတင်ဖြစ်ကြတယ်။ အေးကျော်ကအဲမှာ သေနတ်နဲ့အပစ်ခံရတာ ” လို့ သတင်းအရင်းမြစ်တစ်ခုက ပြောပါတယ်။

Zalen ad

အခုလို သောက်စားမူးယစ်ပြီးနောက် အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ SNA ရှမ်းနီဘက်က လက်ဦးမှုရယူကာ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ရဲတပ်သား အေးကျော်ရဲ့ ဆီးခုံကျည်ထိမှန်ပြီး သေဆုံးသွားတာလို့ သတင်းအရင်းမြစ်က ဆိုပါတယ်။

ဒါပြင် ပြီးခဲ့တဲ့လ ၂၉ရက်ခန့်ကလည်း မင်းသာကျေးရွာမှာ စစ်ကောင်စီ၊ SNAနဲ့ ကသည်းလက်နက်ကိုင်များကြား သဘောထားကွဲလွဲမှုကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ကသည်းအရာရှိတစ်ဦး သေဆုံးသွားပြီး SNA အရာရှိတစ်ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ သတင်းထွက်ပေါ်နေပေမယ့် Zalen သတင်းဌာနအနေနဲ့ သီးခြား အတည်ပြုလို့ မရပါ။

အခုလို အချင်းချင်းခိုက်ရန်ဖြစ်လို့ သေဆုံးသွားတဲ့ ရဲတပ်သား အေးကျော်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့က သနန်အကျဉ်းထောင်ကို ဖောက်ထွင်းလို့ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်သုံ့ပန်း ၃၄ဦးထဲက ရဲတပ်သား တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

တမူးမြို့နယ် မင်းသာနဲ့ ကျွန်းပင်သာကျေးရွာရှိ စစ်ကောင်စီ စခန်းမှာ စစ်ကောင်စီတပ်အင်အား သိပ်မရှိဘဲ SNA၊ ကသည်းနဲ့ NSCN တန်ခူလ်းနာဂ လက်နက်ကိုင်းတွေ အများစုအခြေချ တပ်ဆွဲထားတာဖြစ်ပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ AA ရဲ့ စစ်သားစုဆောင်းမှုကြောင့် ဒေသခံတွေ တောလမ်းမှ အသက်လုထွက်ပြေးနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာပြီး တောလမ်းတွေကတဆင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြ ပါတယ်။ AA ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ...

ဆက်ဖတ်ရန်