အေအေ ရဲ့ ရိုဟင်ဂျာ လူမျိုးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မူကို ICC က စစ်ဆေးသင့်ကြောင့် Fortify Rights ထုတ်ပြန်

ဇူလိုင်လ ၂၃၊ ၂၀၂၅။

Zalen

အာရက္ခတပ်တော်(အေအေ)ရဲ့ ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မူကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က စစ်ဆေးသင့်တယ်လို့ Fortify Rights အဖွဲ့က ဒီနေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အာရက္ခတပ်တော် (အေအေ) ဟာ ရိုဟင်ဂျာတွေကို ညှဥ်းပန်းနှိပ်စက်တာ၊ ပြန်ပေးဆွဲတာ၊ ခေါင်းသတ်ဖြတ်တာတို့အပါအဝင် ရာဇဝတ်မူကို ကျူးလွန်ခဲ့တယ်လို့ Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ အခုလို ဖော်ပြထားပါတယ်။

Zalen ad

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) အနေနဲ့ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို တရားစွဲဆိုခွင့်အာဏာရှိပြီး အေအေရဲ့ ကျူးလွန်တဲ့ စစ်ရာဇဝတ်မူကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုသင့်တယ်လို့ ဆိုပါတယ်။

Fortify Rights က ၂၀၂၄ ခုနှစ်၊ ၂၀၂၅ ခုနှစ်အတွင်း အေအေ ရဲ့ ညှဥ်းပန်းနှိပ်စက်မူမှ အသက်ရှင်ကျန်ရစ် လွတ်မြောက်လာတဲ့ မျက်မြင်သက်သေ ရိုဟင်ဂျာလူမျိုး ၃၉ ဦးကို တွေ့ဆုံမေးမြန်းခဲ့ပြီး ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းအထောက်အထားများကိုလည်း စိစစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အေအေ တပ်ဖွဲ့ဝင်တွေရဲ့ မြို့ရွာနဲ့ ယာယီစခန်းတို့မှာ ရိုဟင်ဂျာအရပ်သားတွေကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ဖြစ်ရပ် ၅ ခုအပါအဝင် အစုလိုက်အပြုံလိုက်သတ်ဖြတ် ခံရမှုကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ Fortify Rights က ဆိုပါတယ်။

“အေအေ အနေဲ့ မြို့ရွာ၊ ယာယီထိန်းသိမ်းရေးစခန်းတွေမှာ ရိုဟင်ဂျာလူမျိုးများအပေါ် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာကို ရပ်တန့်သင့်ပါပြီ။”လို့ Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အထူး တာဝန်ခံ ဧဂျက်ဇ်မင်းခန့်က ပြောပါတယ်။

အေအေ အနေနဲ့ တရားဝင်တော်လှန်ရေး တပ်ဖွဲ့အဖြစ် သတ်မှတ်စေချင်ရင် နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ယူဖို့ လိုအပ်တယ်လို့ Fortify Rights က ဆိုပါတယ်။

သတင်း-ဆလိုင်းခူမီး

ဓာတ်ပုံ-လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

မိုဘိုင်းဖုန်း CEIR စနစ်မပါတဲ့ဖုန်းတွေကို တလသာ ယာယီသုံးခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR စီမံကိန်းက ထုတ်ပြန်

မတ် ၅၊ ၂၀၂၆Zalen လာမယ့် ဧပြီ ၁ ရက်မှစပြီး CEIR (ဗဟိုမိုဘိုင်းစက်ပစ္စည်းမှတ်ပုံတင်စနစ်) ခွင့်ပြုစာရင်းမှာ မပါသေးတဲ့ ဖုန်းတွေကို မိုဘိုင်းကွန်ရက်နဲ့ ရက် ၃၀ သာ ယာယီအသုံးပြုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR ...

ဆက်ဖတ်ရန်