ဖလမ်းမြို့နယ်မှာ CNA/CC က ဂိတ် ၁၇ ခုချပြီး တစ်မြို့နယ်လုံးနီးပါးကို ထိန်းချုပ်ထား

ဇူလိုင် ၂၄၊ ၂၀၂၅။

Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ CNDF ဌာန ချုပ်နဲ့ ဂိတ်တွေကို CNA/CC ကသိမ်းယူပြီးနောက် CB အဖွဲ့ဝင်ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့နယ်ဟာ CNA/CC ထိန်းချုပ်မှုအောက် ကျရောက်သွားပြီလို့ ၎င်းတို့ ဂိတ်ဖွင့်ထားတဲ့ စာရင်းအရ သိရတယ်။

Zalen သတင်းဌာနက စုံစမ်းရသလောက် ဖလမ်းမြို့နယ်အတွင်း CNA/CC က ဂိတ် ၁၇ ခုဖွင့်လှစ် တပ်စွဲထားပါတယ်။ CNDF ဌာနချုပ်မသိမ်းခင် ဖလမ်းမြို့နယ်တွင် ဟွာလ်ငိုနဲ့ ဇာညက်မျိုးနွယ်စုဒေသမှာ CNA/CC ဂိတ်၊ စခန်း ၅ ခုသာ ရှိခဲ့တာပါ။

Zalen ad

ဒါပေမဲ့ အခုလက်ရှိမှာ ဖလမ်းမြို့နယ်အတွင်း CNDF ဂိတ်၊ စခန်း တစ်ခုမှမရှိတော့ဘူးလို့ Zalen ရဲ့ သတင်းရင်းမြစ်တွေထံက စုံစမ်းသိရပါတယ်။

CNDF ဌာနချုပ်ကို တိုက်ခိုက်နေစဉ် ဟားခါးမြို့ဘက်မှ ဖလမ်းမြို့ဘက်သို့ အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းချီလာတဲ့ CNA/CC တပ်တွေဟာ ဟားခါး-ဖလမ်းလမ်း၊ ဆူရ်ဘုန်လေ ယာဉ်ကွင်းအနီးက CNDF ဂိတ်စခန်း ၃ ခုကိုပါတပြိုင်နက်ထဲ တိုက်ခိုက်သိမ်းယူခဲ့တာပါ။ အခုချိန်ထိလည်း အဲဒီဂိတ်စခန်းတွေမှာ CNA/CC က တပ်စွဲထားပါတယ်။

ဇူလိုင် ၂၁ ရက်က ဖလမ်းမြို့နယ် CNDF ဌာန ချုပ်နဲ့ CNA ဌာနချုပ်ကြား ကျေးရွာ ၈ ရွာမှ ရပ်မိရပ်ဖိနဲ့သင်းအုပ်ဆရာတော်တွေကို အစည်း အဝေးခေါ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ CNA ပြောရေးဆိုခွင့်ရှိ သူ ဆလိုင်းထက်နီက “ဖလမ်းမြို့နယ်ကို သိမ်းဖို့မရည်ရွယ်ဘူး။ အခုလို ရွာတိုင်းမှာတပ်စွဲတာက လုံခြုံရေးကြောင့် ခဏတပ်စွဲတာ။ ငြိမ်းချမ်ရေး ကိစ္စ ဆွေးနွေးပြီးရင် အရင်အတိုင်းပြန်နေမယ်” လို့ ဒေသခံတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိ ဖလမ်းမြို့နယ်အတွင်းက ကလေး-ဟားခါးလမ်းပိုင်းမှာ CNA/CC ဂိတ်စခန်း ၄ ခု၊ ဝေဘူလ-ဖလမ်းကြားမှာ ဂိတ်စခန်း ၁ ခု၊ ဖလမ်း-ရိခေါ်ဒါရ်လမ်းပိုင်းမှာ ဂိတ်စခန်း ၆ ခု အသီးသီးနေရာယူထားပါတယ်။ ဒါ့အပြင် CNDF ဌာနချုပ်နဲ့ CNA ဌာနချုပ်ကြား ဖလမ်းမြို့နယ်အတွင်းမှာ ဂိတ်စခန်း ၈ ခုချပြီး တပ်စွဲထားပါတယ်။

သတင်း – Xox

ဓာတ်ပုံ- Piang Piang

နောက်ဆုံးရသတင်းများ

လေကြောင်းအန္တရာယ် ကြိုတင်သတိပေးမည့် ဝေဟင် ကင်းထောက် စနစ် စတင်အသုံးပြုနိုင်ပြီ

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေက ကြိုတင်ကာကွယ်နိုင်ရေးအတွက် လေယာဉ်ဖြတ်သန်းမှုရှိပါက ဖုန်းမှာ အလိုအလျောက် Alarm မြည်ပေးမည့် “Waihin Scout” သတိပေးစနစ်ကို Waihin Scout channelမှ လူငယ်ကင်းထောက်အဖွဲ့က ...

ဆက်ဖတ်ရန်