မြန်မာနိုင်ငံအတွင်းက Starlink စက် ၂၅၀၀ ကို ပိတ်သိမ်း

အောက်တိုဘာ ၂၂ ၊ ၂၀၂၅

Zalen

မြန်မာနိုင်ငံအတွင်းရှိ ငွေလိမ်လုပ်ငန်းတွေမှာ အသုံးပြုတဲ့ Starlink စက်ပစ္စည်း ၂,၅၀၀ ကျော်ကို ပိတ်ပင်ဖျက်သိမ်းလိုက်တယ်လို့ Space X က အောက်တိုဘာ ၂၂ ရက်မှာ ကြေညာပါတယ်။

ထိုင်း – မြန်မာနိုင်ငံနယ်စပ် မြဝတီမြို့နယ်ရှိ KK Park အပါအဝင် ငွေလိမ်လုပ်ငန်းတွေမှာ Starlink စက်တွေ တပ်ဆင်ထားတာတွေ့ရှိခဲ့ရပြီးနောက် အင်တာနက်ချိတ်ဆက်မှုတွေကို တိုက်ရိုက် ဖြတ်တောက်လိုက်တာပါ။

Zalen ad

SpaceX ဘက်ကတော့ တရားမဝင် လိမ်လည်တဲ့လုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ Starlink တွေကို စောင့်ကြည့်ပြီး လိုအပ်ပါက ပိတ်သိမ်းဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။

ထိုင်းနယ်စပ် ကရင်ပြည်နယ်ဘက်မှာ အောက်တို ဘာ ၁၆ ရက်နေ့ကစပြီး စတားလင့်ခ် (Starlink) အင်တာနက်လိုင်းတွေ ပိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒေါ်လာဘီလျံပေါင်းများစွာကို လိမ်လည်ရယူနေတဲ့ မြန်မာနိုင်ငံရှိ အွန်လိုင်း ငွေလိမ်လည်မှု စင်တာတွေကို အင်တာနက်ဝန်ဆောင်မှု ပေးနေတဲ့ Starlink ဂြိုဟ်တုအင်တာနက်လုပ်ငန်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု စတင်လိုက်ပြီလို့ အမေရိကန်ကွန်ဂရက်က ‌ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံကနေ မြဝတီမြို့အပါအဝင် နယ်စပ်နေရာတွေမှာ အင်တာနက်လိုင်း သွယ်တန်းမှု ဖြတ်တောက် လိုက်ပြီးနောက် နယ်စပ်ဒေသရှိ ငွေကြေးလိမ်လည် လုပ်ငန်းတွေမှာ Starlink အင်တာနက် လိုင်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတာပါ။

ဒါကြောင့် မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်လိမ်လည်လုပ်ငန်းတွေမှာ စတားလင့်ခ် အင်တာနက်လိုင်း အသုံးပြုမှု များလာပြီး အွန်လိုင်းလိမ်လည်မှု စင်တာတွေရဲ့ အမိုးတွေပေါ်မှာ Starlink စလောင်းအများအပြား စတင်ပေါ်ပေါက်လာတာကိုတွေ့ရတယ်လို့ AFP က ဖော်ပြထားပါတယ်။

ကိုးကား – CNA, AFP

Helen

နောက်ဆုံးရသတင်းများ

မြန်မာ အပါအဝင် နိုင်ငံ လေးနိုင်ငံကို UK က သင်ကြားရေးဗီဇာ ပိတ်

မတ် ၄၊ ၂၀၂၆Zalen မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ လေးနိုင်ငံကို သင်ကြားရေးဗီဇာ (Study Visa) ပေးတာရပ်ဆိုင်းလိုက်တယ်လို့ ယူကေအစိုးရက ထုတ်ပြန်ပါတယ်။ အဲဒီ နိုင်ငံတွေကနေ သင်ကြားရေးဗီဇာ (Study Visa)နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေများလာတာကြောင့် ...

ဆက်ဖတ်ရန်