ဟားခါးမြို့နယ်က CDF ဟားခါးဂိတ် တိုက်ခိုက်ခံရပြီး ရဲဘော်တစ်ဦး ကျဆုံး

နိုဝင်ဘာ ၆၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ Loklung ရွာမှာရှိတဲ့ ချင်းကာကွယ်ရေးတပ်(ဟားခါး) ဂိတ်တစ်ခု တိုက်ခိုက်ခံရပြီး ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ CDF-Hakha နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဟားခါးမြို့နဲ့ ၉ မိုင်ခန့်ဝေးတဲ့ Loklung ရွာရှိ CDF-Hakha ဂိတ်ကို မနေ့ နိုဝင်ဘာ ၅ ရက်နေ့၊ ညနေ ၅ နာရီ ၃၀ မိနစ် ဝန်းကျင်အချိန်မှာ စစ်ကောင်စီက အလစ်ငိုက် ဝင်တိုက်တာပါ။

Zalen ad

“ဟားခါးမြို့ထဲက စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာပြီး အလစ်ငိုက်တိုက်သွားတာပါ။ သူတို့ပဲ တပ်ပြန်ဆုပ်သွားတယ်။ CDF ဘက်က ရဲဘော်တစ်ယောက် ကျသွားတယ်။”လို့ CDF-Hakha နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် Loklung ရွာရှိ ဒေသခံပြည်သူတွေဟာ မနေ့ညနေကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

Loklung ရွာမှာရှိတဲ့ CDF ဟားခါး ဂိတ် ဟာ ဟားခါး-မတူပီ လမ်းမပေါ်မှာ တည်ရှိတာဖြစ်ပြီး ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက်မှာတော့ မည်သည့်ပစ်ခတ်မှုများ မရှိတော့ပါဘူး။

ဟားခါးမြို့မှာ အခုရက်ပိုင်း စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားပြီး လမ်းသွားလမ်းလာ အရပ်သားတွေကို ကား၊ ဆိုင်ကယ်၊ ဖုန်း စတဲ့ စစ်ဆေးမှုတွေ ဆက်တိုက် ဆောင်ရွက်နေပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ-လူမှုကွန်ရက်

နောက်ဆုံးရသတင်းများ

မြန်မာ အပါအဝင် နိုင်ငံ လေးနိုင်ငံကို UK က သင်ကြားရေးဗီဇာ ပိတ်

မတ် ၄၊ ၂၀၂၆Zalen မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ လေးနိုင်ငံကို သင်ကြားရေးဗီဇာ (Study Visa) ပေးတာရပ်ဆိုင်းလိုက်တယ်လို့ ယူကေအစိုးရက ထုတ်ပြန်ပါတယ်။ အဲဒီ နိုင်ငံတွေကနေ သင်ကြားရေးဗီဇာ (Study Visa)နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေများလာတာကြောင့် ...

ဆက်ဖတ်ရန်