ကျောင်းသား၊ ကျောင်းသူ နှစ်သောင်းခွဲကျော် က ကြိုတင်မဲပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

နို၀င်ဘာ ၂၂၊၂၀၂၅

Zalen

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ပြန်တက်ကြမယ့်ကျောင်းသား၊ကျောင်းသူ နှစ်သောင်းခွဲကျော် (၂၈၃၃၉) ဦးက ကြိုတင်မဲပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီထုတ်မြန်မာ့အလင်းသတင်းစာ မှာ ဒီနေ့ ဖော်ပြထားပါတယ်။

မကြာခင်မှာပြန်လည်ဖွင့်လှစ်တော့မယ့်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှာ တက်ရောက်ကြရမယ့် မဲစာရင်းပါရှိတဲ့ သက် ဆိုင်ရာ မြို့နယ်ပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်အသက် ၁၈ နှစ် ပြည့်ပြီး ဥပဒေအရ ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကဉပဒေ နဲ့အညီဆောင်ရွက်တာလို့ဆိုပါတယ်။

Zalen ad

မဲပေးခွင့် ရှိသူတွေ မဲမဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ ကျောင်းများသို့ မသွားရောက်မီ မဲစာရင်းပါရှိတဲ့ ရပ်ကွက် ၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ နို၀င်ဘာလ ၁၇ ရက် ကနေ ၂၁ ရက်နေ့အထိ သက်ဆိုင်ရာ အထောက်အထားပြသပြီးကြိုတင် ဆန္ဒမဲပေးရန် ဆောင်ရွက်ခဲ့တာလို့ဖော်ပြထားပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်မျာ မှ မဲပေးပိုင်ခွင့်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေလို့ ဖော်ပြထားပေမယ့် ဒေသအလိုက် သီးခြား ဖော်ပြထားတာတော့ မရှိပါဘူး။

သတင်း – ယောနေ

နောက်ဆုံးရသတင်းများ

အီရန်စစ်ပွဲကြောင့် ကွန်ဒုံးဈေးနှုန်းတွေ မြင့်တက်လာနိုင်ခြေရှိ

ဧပြီ ၂၂၊ ၂၀၂၆Zalen အီရန်စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တွေ ဆက်လက် အနှောင့်အယှက်ဖြစ်ပေါ်နေပါက ဘေးကင်းလုံခြုံ လိင်ဆက်ဆံမှုအတွက် ကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့အကြီးဆုံး ကွန်ဒုံး ထုတ်လုပ်သူ Karex ကုမ္ပဏီ ရဲ့ CEO ...

ဆက်ဖတ်ရန်