စစ်ကောင်စီက ကလေးမြို့ဒေသခံတွေရဲ့စပါး‌ခင်း‌တွေကို ခိုးယူ ရိတ်သိမ်း

နိုဝင်ဘာ ၂၄ ၊ ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဒေသခံတောင်သူတွေစိုက်ပျိုးထားတဲ့ စပါးခင်းတွေကို စစ်ကောင်စီတပ်က ဒေသခံတွေ စစ်ရှောင်နေရချိန်မှာ ခိုးယူရိတ်သိမ်းနေတယ်လို့ ‌သိရပါတယ်။

ကလေးမြို့နယ်က ရာဇဂြိုဟ်၊ ခုံသာ၊ ထိုမာ၊ ထောက်ကြန့်ရွာတွေက စပါးခင်းတွေကို စစ်ကောင်စီက စပါးရိတ်ချွေစက် သုံးစီးနဲ့ ရိတ်နေပြီး ကားတွေနဲ့ သယ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Zalen ad

နို၀င်ဘာလဆန်းကတည်းက ရိတ်ချွေနေတာဖြစ်ပြီး စပါးခင်းဧက ထောင်နဲ့ချီပြီး ခိုးယူရိတ်သိမ်းနေတာလို့ ဆိုပါတယ်။

” ရာဇဂြိုဟ်ဘက်က စပါးခင်းကြီးပဲလေ၊ ဆန်အိုးပဲ‌လေ၊ မြောက်ပိုင်း တောင်ပိုင်း လမ်းမ ဘေးတလျှောက်ကရွာတွေက စပါးခင်းတွေကို စက်သုံးခုနဲ့ ရိတ်နေတာ၊ ပေါ်တင်‌ခိုးတာပေါ့ဗျာ။ ကျွန်တော်တို့ စစ်ရှောင်နေရတော့ မရိတ်နိုင်ဘူး၊ သူတို့က ရိတ်ပြီး ရိက္ခာအဖြစ် ဒကစထဲ ပို့နေတာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် ကလေးမြို့နယ်က ကြံသာ၊ မှန်တေ၊ ဟားခါးလေး၊ နတ်မြောင်း၊ နတ်ချောင်း ၊တင်သား၊ နန်းစောင်းပု ၊ကံကြီး ၊ကံသာ ယာ ၊ ၅၆ မိုင် ၊ရာဇဂြိုဟ် ၊လက်ပံချောင်း ၊ခုံသာ ၊ပြည်တော်သာ ၊မြစိမ်း ၊မြလင်း ၊ရန်မျိုးအောင် ၊ပျဉ်းခုံကြီး ၊ပျဉ်းတောဦးစတဲ့ ကျေးရွာပေါင်း ၅၀ကျော် စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာလကတည်းက အင်အားသုံးပြီး ကလေးတောင်ပိုင်းနဲ့ မြောက်ပိုင်းက ကျေးရွာတွေကို ထိုးစစ်ဆင်ပြီး ကလေး -ဂန့်ဂေါလမ်း နဲ့ ကလေး -တမူးလမ်းတွေကို ထိန်းချုပ်ထားပြီး လေကြောင်းကနေ ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ပစ်ခတ် တာတွေရှိနေတာကြောင့် ကလေးမြို့နယ်က စစ်ရှောင်တွေဟာ နေရပ်ကို မပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ကလေးမြို့ပေါ်နဲ့ ကျေးရွာတွေကို ဆက်သွယ်ထားတဲ့လမ်းမကြီးတွေကို ပိတ်ဆို့မှုတွေကြောင့် စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း – Helen

ဓာတ်ပုံ – လူမှုကွန်ရက်

#ကလေးမြို့#ခိုးယူ #စစ်ကောင်စီ#စစ်ဘေးရှောင်#ဒကစ#Zalen

နောက်ဆုံးရသတင်းများ

အောင်လံမြို့နယ်ရှိ အရှိုချင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်

မတ် ၃ ၊ ၂၀၂၆ Zalen မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကန်စွန်းအင်း ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်နဲ့ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ မတ်လ ၃ ...

ဆက်ဖတ်ရန်