အမေရိကန်မှာ မြန်မာအပါအဝင် နိုင်ငံ ၁၉ နိုင်ငံမှ Green Card ကိုင်ဆောင်သူတွေကို ပြန်လည်စိစစ်မယ်

နိုဝင်ဘာ၂၈၊ ၂၀၂၅

Zalen

အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန (DHS) လက်အောက်ရှိ အမေရိကန်နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာန ဟာ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံ မှ အမြဲတမ်းနေထိုင်ခွင့်ကတ် (Green Card) ကိုင်ဆောင်ထားသူတွေကို ပြန်လည်စိစစ်မယ့် မူဝါဒအသစ် ကို တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီမူဝါဒ ဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်မှာ စတင်အာဏာတည်မှာဖြစ်ပါတယ်။

Zalen ad

ထုတ်ပြန်ချက်အရ ပြန်လည်စိစစ်မှုဟာ နိုင်ငံတော်လုံခြုံရေး အဓိကထား၍ ဆောင်ရွက်တာဖြစ်ပြီး အန္တရာယ်များတယ်လို့ သတ်မှတ်ထားသော နိုင်ငံတွေက နိုင်ငံသားတွေဟာ ပြည်ဝင်ခွင့်ဥပဒေနဲ့အညီ မှန်ကန်စွာ Green Card ရယူထားတာ ရှိ၊ မရှိကို စေ့စေ့စပ်စပ် စစ်ဆေးဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

ပြန်လည်စိစစ်မယ့် နိုင်ငံစာရင်းမှာ အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသရှိ နိုင်ငံတွေ ပါဝင်ပြီး မြန်မာ၊ အာဖဂန်နစ္စတန်၊ အီရန်၊ အီရတ်၊ နီပေါ၊ လီဘီးယား၊ ပါကစ္စတန်၊ ဆူဒန်၊ ထိုင်း၊ ဗီယက်နမ် စတဲ့နိုင်ငံတွေပါဝင်ပါတယ်။

အခုအခါ Green Card လျှောက်ထားသူတွေရဲ့ နောက်ကြောင်းရာဇဝင်ကို စစ်ဆေးရာမှာ ၎င်းတို့ မူရင်းနိုင်ငံရဲ့ နိုင်ငံအလိုက် အနုတ်လက္ခဏာဆောင်တဲ့ အချက်တွေ (country-specific negative factors) ကိုပါ ထည့်သွင်းစဉ်းစားမယ်လို့ သိရပါတယ်။

အဲဒီမူဝါဒလမ်းညွှန်ချက်ဟာ နိုဝင်ဘာ ၂၇ ရက်နေ့မှစ၍ အာဏာတည်ပြီး ယင်းနေ့မှစ၍ တင်သွင်းတဲ့ သို့မဟုတ် လက်ရှိ ဆိုင်းငံ့ထားတဲ့ လျှောက်လွှာအားလုံးနဲ့ သက်ဆိုင်မှာဖြစ်ပါတယ်။

ထိုစိစစ်မှုဟာ အဆိုပါ ၁၉ နိုင်ငံမှ Green Card ကိုင်ဆောင်သူအားလုံးကို ခြုံငုံ၍ ဖျက်သိမ်းခြင်းမျိုးမဟုတ်ဘဲ ဥပဒေနှင့် မညီညွတ်ဘဲ ရယူထားတယ်လို့ သံသယရှိသူများကိုသာ ပိုမို၍ အဓိကထား စစ်ဆေးသွားမယ်လို့ သိရပါတယ်။

အဲဒီမူဝါဒအသစ်ဟာ အမေရိကန်နိုင်ငံတော် လုံခြုံရေးကို ကာကွယ်ဖို့အတွက် မူဝါဒတွေကို ပိုမိုတင်းကျပ်လိုက်ခြင်းဖြစ်ကြောင်း DHS က ထပ်လောင်းပြောကြားခဲ့ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

မျိုးပွားကာလဖြစ်လို့ တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ခြင်းမပြုဖို့ CDF-Thantlang အသိပေး

မတ် ၂ ၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်း တောရိုင်းတိရစ္ဆာန်များကို မျိုးပွား ကာလဖြစ်လို့ မသတ်ဖြတ်ကြဖို့ ထန်တလန်မြို့နယ်ကောင်စီ/ CDF-Thantlang က အသိပေးထုတ်ပြန်ထားပါ တယ်။ ထုတ်ပြန်ချက်ထဲမှာ လတ်တလောအချိန်ဟာ ...

ဆက်ဖတ်ရန်