ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ‌ နဲ့ စစ်ကောင်စီက ဖမ်းဆီးထားသူ ၂၂၉ ဦး အထိ ရှိလာ

ဒီဇင်ဘာ ၁၇၊ ၂၀၂၅

Zalen

ရွေးကောက်ပွဲကို ဟန့်တား နှောက်ယှက်တာကြောင့်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူခံရသူ ၂၂၉ ဦးရှိတယ်လို့ စစ်‌ ကောင်စီက ထုတ်ပြန်ပါတယ်။

ဥပဒေပြဋ္ဌာန်းချိန်ကစပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ထိ အရေးယူခဲ့တဲ့အမှုပေါင်း ၁၄၀ မှာ အရေးယူထားသူ အမျိုးသား ၂၀၁ ဦး၊ အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၂၂၉ ဦးရှိတယ်လို့ ဆိုပါတယ်။

Zalen ad

ဖမ်းဆီးခံရသူတွေထဲမှာ အသက်မပြည့်သေးသူတွေအပြင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းမှာ ပါဝင်ခဲ့သူတွေကို လူမှုကွန်ရက်မှာ ဝေဖန်သူတွေ၊ အဲဒီဝေဖန်တဲ့ပိုစ့်တွေကို love react ပေးသူတွေကိုပါ ဖမ်းဆီးခဲ့ပြီး ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကိုလည်း ထောင်ဒဏ် ၇ နှစ်ထိ ချမှတ်ထားပါတယ်။

စစ်ကောင်စီဟာ ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားမှု၊ ဝေဖန်မှု တွေအပေါ် ဖိနှိပ်ဖို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပြဋ္ဌာန်းကာ ဖမ်းဆီးထောင်ချတာတွေကို ဆက်တိုက်ပြုလုပ်နေတာပါ။

ရွေးကောက်ပွဲကာလ လုံခြုံရေးကျိုးပေါက်မှုမရှိရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့နဲ့ ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုတွေကိုလည်း စုံစမ်းဖော်ထုတ်ကာ ထိရောက်စွာ အရေးယူသွားဖို့ လိုအပ်တယ်လို့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ဒီဇင်ဘာ ၁၆ ရက်နေ့က နေပြည်တော်မှာ လုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

သတင်း – Helen

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်