တမူးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားလို့ ပါစတာတစ်ပါး နဲ့ အမျိုးသမီး ၂ဦးထိခိုက်ဒါဏ်ရာရ

ဒီဇင်ဘာ၊  ၁၉ရက်၊  ၂၀၂၅။

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားလို့ ခရစ္စယာန်ပါစတာ တစ်ပါးနဲ့ အမျိုးသမီး ၂ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများဆီကသိရပါတယ်။

ယနေ့ဒီဇင်ဘာ ၁၉ရက်နေ့ ညနေ ၂နာရီခွဲခန့်  မှာ တမူးမြို့ စည်ပင်ရုံးအနီးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ခရစ္စယာန်ပါစတာတစ်ပါးနဲ့ အမျိုးသမီး ၂ဦး အခုလိုထိခိုက်ဒါဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

Zalen ad

” ဗုံးကွဲတာ ၂နာရီခွဲလောက်ကနေမယ်။ ပါစတာတစ်ပါးနဲ့ လမ်းသွားလမ်းလာ အမျိုးသမီး ၂ယောက်ထိတယ်။ ပါစတာကပေါင်မှာ ထိတာလို့ပြောတယ်။ ဘယ်အဖွဲ့ကထောင်ထားတယ်ဆိုတာတော့ မသိရသေးဘူး” လို့ တမူးမြို့ခံတစ်ဦးက Zalen ကိုပြောပါတယ်။

စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲနီးနေတဲ့အချိန်မှာ အခုလိုတမူးမြို့မှာ ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပွားနေတာကြောင့် မဲရုံသွားပြီး မဲပေးမယ့်သူတွေအတွက် လုံခြုံမှုမရှိနိုင်ဘူးလို့ ဒေသခံအချို့က ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇က်နေ့နဲ့ ဒီဇင်ဘာလ ၁ရက်နေ့မှာလည်း တမူးမြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ရွေးကောက်ပွဲနီးပြုလုပ်ဖို့ တစ်ပတ်ကျော်အလိုမှာ အခုလို ဗုံးပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သတင်း – တမူးနွေဦး

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

မြန်မာစစ်ဘေးရှောင်များ ဝင်ရောက်လာမှုအပေါ် မီဇိုရမ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကို CHRO တုံ့ပြန်

ဇူလိုင် ၄၊ ၂၀၂၆Zalen မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေ အများအပြား မီဇိုရမ်ပြည်နယ်ကို ဆက်လက်ဝင်ရောက်လာနေတာဟာ ပြည်နယ်အတွက် ဝန်ထုပ်ဝန်ပိုးတရပ် ဖြစ်လာနေတယ်လို့ မီဇိုရမ်ဝန်ကြီးချုပ် လာလ်ဒုအောမ်မာ (Lalduhoma) က ပြောဆိုခဲ့တဲ့အပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က နေရပ်စွန့်ခွာရမှုတွေ ...

ဆက်ဖတ်ရန်