ကလေးမြောက်ပိုင်း ကလေး-တမူးကြား ၅၆မိုင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွား

ဒီဇင်ဘာ ၂၇၊ ၂၀၂၅။

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

ဒီဇင်ဘာလ ၂၇ရက်ယနေ့ မနက် ၅နာရီခန့်က ကလေးမြို့နယ် တော်လှန်ရေးအင်အားစုများက ကလေးမြောက်ပိုင်း ကလေး-တမူးလမ်းက ၅၆ မိုင်စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Zalen ad

” မနက် ၅ နာရီလောက်က အကြီးသံတွေကြားရတယ်။ ၉နာရီ ၁၀နာရီလောက်မှာ ကလေးဘက်ကို သွားတဲ့ ခရီးသည်တင်ကားတွေ ပြန်လာကြတာ တွေ့ရတယ်။ လူငယ်တွေက ၅၆မိုင်နဲ့ အရှေ့ခုံသာကို ရပြီလို့ကြားတယ်” လို့ သတင်းအရင်းအမြစ်တစ်ခုက Zalen ကိုပြောပါတယ်။

အခုလို တိုက်ပွဲပြင်းထန်နေတဲ့ ၅၆ မိုင်ကို စခန်းကြီးမှာအခြေချထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

” ၅၆မိုင်ကို စခန်းကြီးကနေလက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်။ လေယာဉ်နဲ့လည်း ဗုံးလာချတယ်လို့ကြားတယ်။ အသေးစိပ်တော့ မသိရသေးဘူး” လို့ နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုကပြောပါတယ်။

စစ်ကောင်စီက ဒီဇင်ဘာလ ၂၈ ရက် မနက်ဖြန်မှာ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲတစ်ရက် အလိုမှာ ကလေးမြို့နယ်တော်လှန်ရေးအင်အားစုများက ကလေးမြောက်ပိုင်း ကလေး-တမူးလမ်းကိုရှိ ၅၆ မိုင် စစ်ကောင်စီစခန်းကို အခုလိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း – အမေ့သား

နောက်ဆုံးရသတင်းများ

လေကြောင်းအန္တရာယ် ကြိုတင်သတိပေးမည့် ဝေဟင် ကင်းထောက် စနစ် စတင်အသုံးပြုနိုင်ပြီ

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေက ကြိုတင်ကာကွယ်နိုင်ရေးအတွက် လေယာဉ်ဖြတ်သန်းမှုရှိပါက ဖုန်းမှာ အလိုအလျောက် Alarm မြည်ပေးမည့် “Waihin Scout” သတိပေးစနစ်ကို Waihin Scout channelမှ လူငယ်ကင်းထောက်အဖွဲ့က ...

ဆက်ဖတ်ရန်