ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေကို ချက်ချင်းလွှတ်ဖို့ IPCM တောင်းဆို

Zalen

မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမား ၂၇ ဦးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အပါအဝင် အချက် ၅ ချက်ကို မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
IPCM ကတော့ သတင်းသမားတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ထောင်ဒဏ်ချမှတ်တာတွေကို ချက်ချင်းရပ်ဖို့ တောင်းဆိုထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ အချိန်တွေမှာလည်း သတင်းသမားတွေ လုံခြုံစွာ သတင်းရယူနိုင်ဖို့နဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို လေးစားဖို့လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဏာပိုင်အဖွဲ့အစည်းတွေက သတင်းသမားတွေ ဘေးကင်းလုံခြုံရေးအတွက် အကာအကွယ်ပေးဖို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေ ဆက်လက်ရပ်တည်နိုင်အောင် ကူညီပံ့ပိုးဖို့ IPCM က တောင်းဆိုထားပါတယ်။
ဒီတောင်းဆိုချက်တွေကို ဇန်နဝါရီ ၁၇ နဲ့ ၁၈ ရက်တွေမှာ ကျင်းပခဲ့တဲ့ IPCM ရဲ့ ဒုတိယအကြိမ် အထွေထွေညီလာခံအတွင်း ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ညီလာခံကို သတင်းမီဒီယာကဏ္ဍက ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ညီလာခံမှာတော့ တိုင်းရင်းသားဘာသာစကား သတင်းမီဒီယာအရေး၊ သတင်းလုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု တားဆီးရေး မူဝါဒတွေကိုလည်း ဆွေးနွေးခဲ့ကြပြီး လာမယ့် IPCM သက်တမ်းအတွက် အလုပ်အမှုဆောင်ကော်မတီဝင် ၁၄ ဦးကို ရွေးချယ်ခဲ့ပါတယ်။
IPCM ကို စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာလွတ်လပ်ခွင့် ဆိုးရွားစွာ ကျဆင်းလာတဲ့အခြေအနေကြောင့် ပြည်တွင်းပြည်ပ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေ စုပေါင်းပြီး သတင်းမီဒီယာလွတ်လပ်ခွင့် မြှင့်တင်ဖို့နဲ့ သတင်းသမားတွေ လုံခြုံရေး ရည်ရွယ်ကာ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
သတင်း-Mary
ဓာတ်ပုံ-IPCM
#IPCM#လွတ်လပ်ခွင့် #Zalen

နောက်ဆုံးရသတင်းများ

အီရန်စစ်ပွဲကြောင့် ကွန်ဒုံးဈေးနှုန်းတွေ မြင့်တက်လာနိုင်ခြေရှိ

ဧပြီ ၂၂၊ ၂၀၂၆Zalen အီရန်စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တွေ ဆက်လက် အနှောင့်အယှက်ဖြစ်ပေါ်နေပါက ဘေးကင်းလုံခြုံ လိင်ဆက်ဆံမှုအတွက် ကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့အကြီးဆုံး ကွန်ဒုံး ထုတ်လုပ်သူ Karex ကုမ္ပဏီ ရဲ့ CEO ...

ဆက်ဖတ်ရန်