ကလေးမြို့မှာ စစ်ကောင်စီတပ်က လူငယ်တွေကို နေ့စဉ် ဖမ်းဆီးနေ

ဇန်နဝါရီ ၂၀၊ ၂၀၂၆။
Zalen
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီတပ်တွေက လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေကြပြီး အများစုကို စစ်မှုထမ်းအဖြစ် ပို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်‌ဟာ အရပ်၀တ်တွေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေပြီး သေနတ်ပြ ခြိမ်းခြောက် ဖမ်းဆီးမှုတွေ ရှိလာနေတယ်လို့ သိရပါတယ်။
ခရစ်ယာန်ကျမ်းစာ‌ကျောင်းတက်ရောက်နေသူ ချင်းလူငယ် ဇမ်းပီဟာ ဇန်နဝါရီ ၁၆ ရက်နေ့က တာဟန်းရပ်ကွက်မှာ ဖမ်းဆီးခဲခဲ့ရပြီး စစ်မှုထမ်းအဖြစ် အပို့ခံခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သူဟာ အိန္ဒိယမှာ ကျမ်းစာကျောင်းတက်ချိန်က အစ္စလာမ်ဘာသာကိုလေ့လာခဲ့သူဖြစ်ပြီး ကလေးမြို့ကို ပြန်လာချိန်မှာ အပတ်စဉ် သောကြာနေ့တိုင်း မူစလင်ဘုရားကျောင်း (ဗလီ) ကို သွားရောက်နေခဲ့တာလည်း သိရပါတယ်။
” ဗလီကို သွားတဲ့ လမ်းမှာပဲ အဖမ်းခံရတာပေါ့၊ သူနဲ့အတူ တခြားသူတွေလည်း အဖမ်းခံရတယ်၊ ပိုက်ဆံများများနဲ့ ရွေးနိုင်တဲ့သူတွေပဲ လွတ်တာ။ သူကတော့ စစ်မှုထမ်းသင်တန်းတက်ဖို့ ပါသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိကလေးမြို့မှာ စစ်ကောင်စီတပ်တွေက အရပ်ဝတ်နဲ့ လူငယ်တွေကို သေနတ်နဲ့ ခြိမ်းခြောက်ကာ နေ့စဉ် လူငယ် ၃၀ထက်မနည်း ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။
ကျောင်းသားတွေကို ဖမ်းဆီးတတ်ပြီး ကျောင်းသားကတ်ပြသနိုင်မှ ပြန်လွတ်တတ်ကြတာကြောင့် လူငယ်တွေက သွားလာတဲ့နေရာမှာ အရမ်းသတိထားပြီး ကျောင်းသားကတ်ကို အမြဲဆောင်ထားဖို့ လိုအပ်နေ ပါတယ်။
” စစ်ကောင်စီတပ်ဟာ လူသွားလူလာများတဲ့ လမ်းကြား၊ ဖြတ်လမ်းတွေပါ မကျန် လူငယ်တွေကို စောင့်ဖမ်းတာ၊ အရပ်၀တ်နဲ့။ အခု‌တလောတော့ ဆိပ်ကမ်းသာလမ်းကြားနဲ့ ပင်လုံလမ်းမီးပွိုင့်ကနေ ဖမ်းပြီး ခေါ်သွားတာ များတယ်” လို့ ‌နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။
စစ်‌ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် လူငယ်တွေဟာ မြို့ထဲကို သွားလာမှု သိပ်မရှိတော့ပဲ အရေး ပေါ်ကိစ္စရှိမှ သတိထား သွားလာနေကြရတယ်လို့ ဆိုပါတယ်။
သတင်း-Mary
ဓာတ်ပုံ-လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်