တန်းတူညီမျှသော ပြည်ထောင်စုသစ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု CDF-Asho ထုတ်ပြန်

ဇန်နဝါရီ  ၂၂ ၊ ၂၀၂၆။

Zalen

တန်းတူညီမျှမှုရှိသော ပြည်ထောင်စုသစ်တရပ် ပေါ်ထွန်းလာသည်အထိ အရှိန်အဟုန်မပျက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) က ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

Zalen ad

ဇန်နဝါရီလ ၂၁ ရက်နေ့ CDF-Asho ရဲ့ (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ သဘောထား ထုတ်ပြန်လိုက်ပါတယ်။

CDF-Asho ဟာ ပြည်ထောင်စုတည်ဆောက်ရေး အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအဖြစ် ခိုင်မာစွာ ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

တောင်ပေါ်မြေပြန့် ခွဲခြားမှုမရှိဘဲ တိုင်းရင်းသားလူမျိုးစုအားလုံးအတွက် တရားမျှတတဲ့ နိုင်ငံရေးစနစ် ပေါ်ပေါက်ရေးကို ဦးတည်ချက်ထားတယ်လို့ ဖော်ပြထားပါတယ်။

ယင်းထုတ်ပြန်ချက်မှာ တော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေးနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်ရဲဘော်များကို အလေးပြုဂုဏ်ပြုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထား စစ်ဆင်ရေးတွေကြောင့် အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးပြီး နေရပ်စွန့်ခွာနေရတဲ့ ပြည်သူတွေနဲ့ အတူ ထပ်တူထပ်မျှ ရပ်တည်ကြောင်းလည်း ဆိုပါတယ်။

မြန်မာစစ်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှု၊ ဖိနှိပ်မှုတွေနဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း CDF-Asho က ထည့်သွင်းပြောကြားထားပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်တာ တော်လှန်ရေးခရီးစဉ်အတွင်း ပြည်တွင်းပြည်ပရှိ ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုများကြောင့် စစ်ဆင်ရေးတွေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့တဲ့အပေါ် များစွာ ဂုဏ်ယူမှတ်တမ်း တင်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ-လူမှုကွန်ယက်

#CDF-Asho #Zalen

နောက်ဆုံးရသတင်းများ

ရုရှားစစ်သင်္ဘော ၃ စင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာ

မတ် ၆၊၂၀၂၆ Zalen ရုရှားနိုင်ငံက စစ်သင်္ဘော ၃ စင်းဟာ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယမန်နေ့ မတ်လ ၅ ရက်က ရောက်ရှိလာတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဲဒီစစ်သင်္ဘောမှာ ရုရှားရေတပ်မှ အဆင့်မြင့်အရာရှိနဲ့ စစ်သည်အင်အား ...

ဆက်ဖတ်ရန်