ဖလမ်းမြို့နယ်ရှိ စစ်ဘေးရှောင်များကို ICA က အစားအသောက်နဲကယ်ဆယ်ရေးရန်ပုံငွေ သိန်း ၂၀၀ ကျပ်ကူညီ

ဇန်နဝါရီ ၂၈၊ ၂၀၂၆။
Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာက စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ် အခြေခံစားသောက်ကုန်တွေနဲ့အတူ ကယ်ဆယ်ရေး ရန်ပုံငွေ ကျပ်ငွေ သိန်း ၂၀၀ ကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ဒီအကူအညီတွေကို ၂၀၂၅ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ သုံးလအတွင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီရင်ခံစာအရ သိရပါတယ်။

စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် ဖလမ်းမြို့နယ်ကနေ စစ်ဘေးရှောင်တွေဟာ အိန္ဒိယ–မြန်မာ နယ်စပ်မှာရှိတဲ့ ICA (Centre) ကို ထွက်ပြေးတိမ်းရှောင်လာပြီး ခိုလှုံနေကြတယ်လို့လည်း ဖော်ပြထားပါတယ်။

Zalen ad

ICA အနေနဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း ချင်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းအပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယ- မြန်မာနယ်စပ်ရှိ ဇိုခေါထာရ် အိန္ဒိယအစိုးရကျောင်းမှာ တက်ရောက် ပညာသင်ယူ နေကြတဲ့ မြန်မာဒုက္ခသည်ကျောင်းသား အယောက်၂၀၀၀ နီးပါး နဲ့ ကျန်ဖိုင်ခရိုင်၊ Uilui ဒုက္ခသည်စခန်းရှိ Ebenezer Community School မှာ ပညာသင်ကြား နေတဲ့ မြန်မာဒုက္ခသည် ကျောင်းသား ၁၅၀ ဦး အတွက်လိုအပ်တဲ့ သင်‌ထောက်ကူပစ္စည်းတွေဝယ်ယူနိုင်ရေး အလှူငွေတွေ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာလည်း ကျောင်းပေါင်း ၁၀၀ ကျော်ရှိ ကျောင်းသူ/သား ၇,၀၀၀ ကျော်အတွက် သင်ကြားရေး ဆရာ/မ ၇၀၀ ခန့်ကို ICA က လစဉ်ကူညီထောက်ပံ့ထားသလို အိန္ဒိယ နိုင်ငံရှိ တက္ကသိုလ်တွေမှာ အဆင့်မြင့်ပညာ‌ကို ဆည်းပူးလေ့လာနေတဲ့ ကျောင်းသူ/သား ၁၄ ဦးကိုလည်း ICA က ပံ့ပိုးကူညီနေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ICA ဟာ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူတွေ အ တွက်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကြိုးစားလုပ်ဆောင်နေပြီး အိန္ဒိယ-မြန်မာနယ်စပ်နဲ့ ချင်းပြည်နယ်အတွင်းမှာ အသေးစားခွဲစိတ်ကုသမှုကိုလုပ်ဆောင်နိုင်တဲ့ ဆေးရုံ ၂ရုံနဲ့ ဆေးခန်း ၄ခုကို ဆရာဝန် ၄ဦး၊ သူနာပြု ၁၀ဦး တို့နဲ့ ဆရာဝန်စမ်းသပ်ခ အခမဲ့ဝန်ဆောင်မှုပေးကာ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာကနေ ဒီဇင်ဘာလအတွင်း ICA ရဲ့ ဆေးရုံ/ဆေးခန်းတွေမှာ လာရောက်ပြသတဲ့လူနာများအပြင် ရွေ့လျားဆေးခန်း(Mobile Clinic)နဲ့ စုစုပေါင်းလူဦးရေ ၃၅၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့တယ်။

ဒါပေမယ့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ ကာလ
ရှည်ကြာလာတာနဲ့အမျှ အကူအညီလိုအပ်ချက်တွေ ပိုမိုမြင့်မားလာနေပြီး ICA အနေနဲ့ လိုအပ်ချက်စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ ကူညီနိုင်ဖို့တောင် ခက်ခဲနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ချင်းရေးရာအဖွဲ့ချုပ် (ICA) ဟာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့အတူ စစ်ပွဲ၊ ပဋိပက္ခတွေကြောင့်သာမက သဘာဝဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြသူတွေကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ICA ကို ၂၀၂၁ ခုနှစ် မေလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

သတင်း-Helen
ဓာတ်ပုံ -ICA Page

ICA#စစ်​ရှောင်#Zalen

Helen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီအရာရှိအပါအဝင် ၃ ဦးသေဆုံး

မတ် ၅၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ‌ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ မြေပြင် ...

ဆက်ဖတ်ရန်