“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။

ယင်းဆွေးနွေးမှုအပြီး ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက “Made In India” ဟု ခေါင်းစဉ်တပ်ထားသော ထုတ်ကုန်များအပေါ် အမေရိကန်နိုင်ငံက အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံသွားမည်ဖြစ်တယ်လို့ ချက်ချင်း ကြေညာခဲ့ပြီး အလားတူ အမေရိကန် အပေါ်ကောက်ခံတဲ့ ၎င်းတို့ရဲ့ အခွန်နှင့် အခွန်မဟုတ်သည့် အတားအဆီးတွေကို သုညအထိ လျှော့ချဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါသည်” ဟု ဆိုပါတယ်။

သမ္မတ ထရမ့်ကလည်း အိန္ဒိယနဲ့ကုန်သွယ်ရေး သဘောတူညီချက်တရပ်ကို သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့ပြီး အိန္ဒိယအနေဖြင့် ရုရှားမှ ရေနံဝယ်ယူမှုကို ရပ်တန့်ကာ အမေရိကန်နှင့် ဗင်နီဇွဲလားတို့မှ ပိုမိုဝယ်ယူရန် သဘောတူညီခဲ့ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ ဒါ့အပြင် အိန္ဒိယသည် အမေရိကန်၏ စွမ်းအင်၊ နည်းပညာ၊ စိုက်ပျိုးရေးနှင့် အခြားထုတ်ကုန်များကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံကျော် တန်ဖိုးရှိအောင် ဝယ်ယူသွားမည်လို့ ကတိပြုခဲ့ပါတယ်။

ဝန်ကြီးချုပ် မိုဒီက ယင်းကုန်သွယ်ရေးသဘောတူညီချက်ကို ကြိုဆိုထောက်ခံကြောင်း အတည်ပြုခဲ့ပြီး “ဒီနေ့မှာ ကျွန်တော့်ရဲ့ ချစ်လှစွာသော မိတ်ဆွေ သမ္မတထရမ့်နဲ့ စကားပြောခွင့်ရတာ အလွန်ဝမ်းမြောက်မိပါတယ်။ အိန္ဒိယမှာ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေကို အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချပေးလိုက်တဲ့ ဒီအရေးပါလှတဲ့ ဆုံးဖြတ်ချက်အတွက် အိန္ဒိယပြည်သူ ၁.၄ ဘီလီယံကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါတယ်” ဟု X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ပါတယ်။

Zalen ad

သမ္မတ ထရမ့်ရဲ့ ဦးဆောင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် အရေးပါကြောင်းကိုလည်း မိုဒီက အလေးထားဖော်ပြခဲ့ပြီး အိန္ဒိယအနေဖြင့် ၎င်းရဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို အပြည့်အဝထောက်ခံကြောင်းဆိုပါတယ်။

အိန္ဒိယနဲ့ အမေရိကန်တို့ဟာ အနာဂတ်တွင်လည်း ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် ဆက်လက်ပူးပေါင်းလက်တွဲသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီက အတည်ပြု ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ AA ရဲ့ စစ်သားစုဆောင်းမှုကြောင့် ဒေသခံတွေ တောလမ်းမှ အသက်လုထွက်ပြေးနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာပြီး တောလမ်းတွေကတဆင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြ ပါတယ်။ AA ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ...

ဆက်ဖတ်ရန်