ကလေးမြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးမှု ပိုလုပ်လာ

ဖေဖော်ဝါရီ ၇၊ ၂၀၂၆ ။

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့အတွက် အခုရက်ပိုင်းအတွင်းမှာ လူငယ်တွေကို ဖမ်းဆီးမှုတွေ ပိုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာလည်း လူငယ် ၅ဦးထက်မနည်းကို ဖမ်းဆီးခဲ့တာကိုတွေ့ရတယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတွေက ပြောပါတယ်။

Zalen ad

ကလေးမြို့ပေါ်က တာဟန်း၊ မွန်းလိုင်း၊ တောင် ဇလပ်၊ တောင်ဖီလာနဲ့ တံတားဦးရပ်ကွက်တွေမှာ ရှောင်တခင် ဖမ်းဆီးနေတာလို့ သိရပါတယ်။

” ဒီနေ့မှာလည်း အင်အားအများကြီးနဲ့ တားပြီး ဖမ်းနေတာ၊ လူငယ်တွေဆို ဆိုင်ကယ်ကို တားတယ်၊ တားပြီးတော့ ကားပေါ်ကို ဆွဲခေါ်ပြီး တင်သွားတာ။ နေ့တိုင်းလိုလိုပဲ ဖမ်းနေတာ။ ဒီရက်ပိုင်း အဖမ်းအဆီးတွေ ပိုစိပ်နေတယ်။ ” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးသူတွေထဲမှာ လူငယ်တွေ အပြင် ကျောင်းသားတွေနဲ့ အသက်မပြည့်သေးသူတွေ ပါနေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို ပြန်လွတ်ဖို့ မိသားစုဝင်တွေကို ငွေလမ်းခင်းပြီး ပြန်ရွေးနေကြရပေမယ့် ပြန်မလွတ်လာသူတွေလည်း အများအပြားရှိနေတယ်လို့ ဆိုပါတယ်။

” မိသားစုထဲ ယောက်ျားလေးတွေ တယောက်ပြီး တယောက် ဖမ်းခံနေရတယ်။ ပထမ အငယ်ကောင်က ပါသွားလို့ သိန်း ၅၀ ကျော်နဲ့ ရွေးထားရတယ်။ အခု အကြီးတယောက် ပါသွားပြန်ပြီ၊ လိုက်တော့ လိုက်နေတုန်း၊ ဦးစီးမှူးတွေလည်း အပြောင်းအရွေ့ရှိနေတော့ ပြန်ရွေးလို့မရသေးဘူး။ တပ်ထဲပါဖို့ သေချာသလောက်ဖြစ်နေပြီ၊ ဘယ်လိုလုပ်ရမလဲတောင်မသိတော့ပါဘူး၊ ရှာလို့ ရသမျှနဲ့ လိုက်တော့ လိုက်နေတာပဲ။ ” လို့ ဖမ်းဆီးခံထားရသူရဲ့ မိသားစုဝင်က ပြောပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် လူငယ်နဲ့ လူလတ်ပိုင်းတွေဟာ တယောက်တည်း အိမ်အပြင်မထွက်ရဲတော့သလောက်ဖြစ်နေပြီး မဖြစ်မနေ အရေးကြီးကိစ္စရှိမှ မြို့ထဲကို သွားလာနေကြရပါတယ်။

သတင်း-Helen
ဓာတ်ပုံ-လူမှုကွန်ယက်
#ကလေး#စစ်မှုထမ်း#ပေါ်တာဆွဲ#Zalen

========

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဗုဒ္ဓဟူးနေ့တိုင်း ယာဉ်သွားလာခွင့် လုံးဝပိတ်၊ ကျန်ရက်တွေမှာ စုံ/မ စနစ်နဲ့ စစ်ဆေးနေ

ဧပြီ ၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ထဲမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကို မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေ လုံးဝ သွားလာခွင့်မရှိတဲ့နေ့အဖြစ် သတ်မှတ်ထားပြီး ကျန်တဲ့ရက်တွေမှာလည်း “စုံ/မ” စနစ် နဲ့ တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက ...

ဆက်ဖတ်ရန်