ထန်တလန်မြို့နယ်၊ တလန်ခွါကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၆ ဦးသေဆုံး

ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၆
Zalen

ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့နယ်၊ ခွါလ်ဟရိန်းတောင်ကြောရှိ တလန်ခွါကျေးရွာကိုအကြမ်းဖက် စစ်တပ်က ဒီကနေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်၊ ဒေသစံတော်ချိန် နေ့လယ့် ၁၁ နာရီ ၅၈ မီနစ် မှာ တလန်ခွါ ကျေးရွာကို ဂျက်ဖိုက်တာတစီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

တလန်ခွါကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဂျက်ဖိုက်တာဟာ တံတားဦးလေတပ်စခန်းမှ တက်လာတဲ့ A-5 Bomber Jet ဖြစ်တယ်လို့သိရပြီး တလန်ခွါကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့များတပ်စွဲထားခြင်းမရှိသလို ထိတွေ့ တိုက်ပွဲများလည်းမရှိဘဲ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်တာဖြစ်ပါတယ်။

Zalen ad

အကြမ်းဖက်စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင်း တလန်ခွါကျေးရွာမှ ဦးရာလ်အီယပ်ဖ် ( Pu Ral Iap ) , ဦး ထန်းကျဲအို ( Pu Thang Ceu )၊ ဦးဆွေကျုံး ( Pu Sui Cung ) ၊ ဦးငွန်လျန်ထောင်း ( Pu Ngun Lian Thawng ) ၊ ဦး ကျုံးကျင်ထောင်း ( Pu Cung Cin Thawng ) နဲ့ ဦး ဗျက်ကုန်း ( Pu Biak Kung ) တို့ သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများအပြင် ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်းသိရပါ တယ်။

အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ထန်တလန်မြို့နယ်၊ခွါလ်ဟရိန်း တောင်ကြော ခွါဖိုးကျေးရွာကို လေကြောင်းက နေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ ၉ ဦးအထိသေဆုံးခဲ့ပါတယ်။

အလားတူပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်မှာလည်း ခွါဖိုးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ကျောက်တိုင်တစ်ချို့ပျက်စီးခဲ့ပါတယ်။

သတင်း – Mickey

ဓာတ်ပုံ-လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

တော်လှန်ရေး အောင်မြင်စွာ ဆင်နွှဲနိုင်ရေးအတွက် NUG နဲ့ K3C တို့ ထပ်မံဆွေးနွေးနေ

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆Zalen တော်လှန်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ K3C အဖွဲ့ဝင်တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး ...

ဆက်ဖတ်ရန်