အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။

Zalen

Zalen ad

မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အတည်ပြုလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အရေးယူဒဏ်ခတ်မယ့် Brave Burma Act ဥပဒေမူကြမ်းကို အတည်ပြုဖို့ ရီပတ်ဘလစ်ကန်ရော ဒီမိုကရက်တွေကရော နှစ်ပါတီ ပူးပေါင်းပြီး ထောက်ခံမှု အသံမဲ Yes No နဲ့ မဲခွဲ အတည်ပြုနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

အဲ့ဒီဉပဒေမူကြမ်းမှာ စစ်ကောင်စီရဲ့  အဓိက ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို လုံးဝ ပိတ်ဆို့ဒဏ်ခတ်တာအပါအဝင် အဆင့်မြင့်လက်နက်တွေ ပြည်ပကနေ မဝယ်ယူနိုင်အောင် ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ အမေရိကန်သမ္မတအနေနဲ့  ဆုံးဖြတ်လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ထားပါတယ်။

စစ်အုပ်စုက အပြစ်မဲ့ပြည်သူတွေကို လေကြောင်းကနေ အဓိက ပစ်မှတ်ထားတိုက်ခိုက်ဖို့ လေယာဥ်ဆီ ဝယ်ယူရာမှာ ကြီးကြပ်တဲ့  မြန်မာ့စီးပွားရေးဘဏ် (MEB) ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB )၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ဟာ ပိတ်ဆို့ဒဏ်ခတ်မှုစည်းမျဥ်းရဲ့ အားနည်းချက်တွေကြောင့် နိုင်ငံတကာနဲ့ ဆက်သွယ်နိုင်နေသေးတာကြောင့် ဒီလိုအခြေအနေတွေကို လုံးဝပိတ်ဆို့ဖို့လည်း အမေရိကန်သမ္မတက ယင်းဥပဒေကြမ်းမှာ ဖေါ်ပြထားပါတယ်။

 BRAVE Burma Act မှာ လက်ရှိ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ၂၀၃၂ ခုနှစ်အထိ သက်တမ်းတိုးမြှင့်ဖို့၊ မြန်မာစစ်အုပ်စုနဲ့ သူတို့ကို ထောက်ပံ့နေတဲ့ ငွေကြေးကွန်ယက်များကို ပစ်မှတ်ထား ပိတ်ဆို့ဖို့ ဆိုတဲ့ အချက်တွေ ပါဝင်နေတာတွေရှိပါတယ်။

Brave Burma Act ဥပဒေမူကြမ်း အကောင်အထည်ပေါ်လာအောင် မစ်ရှီဂန်ပြည်နယ်က ရီပတ်ဘလစ်ကန် အမေရိကန် အောက်လွှတ်တော်အမတ် Bill Huizenga က ဦးဆောင်တင်သွင်းတာဖြစ်ပြီး လက်ရှိမှာတော့ ပူးတွဲ အဆိုပြုသူအားလုံး ၁၇ ဦး ရှိပါတယ်။

အောက်လွှတ်တော်မှာ အတည်ပြုပြီးဖြစ်တဲ့ ယင်းဥပဒေကြမ်းကို ရှေ့ဆက်လက်ပြီး အထက်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးပြီး အတည်ပြုချက် ရယူသွားရမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

သတင်း-Mai Nway Oo

ကိုးကား-နိုင်ငံတကာသတင်းများ

ဓာတ်ပုံ-လူမှုကွန်ယက်

#နိုင်ငံတကာသတင်း#BraveBurmaAct #ဥပဒေမူကြမ်း #Zalen

နောက်ဆုံးရသတင်းများ

ထောက်ခံစာ ၅ မျိုး တောင်းခံမှုနဲ့ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် CDM ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ခက်ခဲနေ

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။Zalen ထောက်ခံစာ (၅) မျိုး တောင်းခံမှုနဲ့ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီက CDM မှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အမည်ပျက်စာရင်း ...

ဆက်ဖတ်ရန်