ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆
Zalen
အိန္ဒိယ၊ မဏိပူရ်ပြည်နယ်မှာ ကူကီး-ဇိုနဲ့ နာဂလူမျိုးစုနှစ်ခုကြား တင်းမာမှုမြင့်တက်နေပြီး နေအိမ် မီးရှို့တဲ့အထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသ သတင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က မဏိပူရ်ပြည်နယ်၊ Ukhrul ခရိုင်၊ လီတန်မှာ ကူကီး-ဇိုနဲ့ တန်ခူလ်း နာဂ လူမျိုးနှစ်ခုကြား အခုလိုတင်းမာမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်နေ့က ကူကီး-ဇိုအမျိုးသားတစ်ဦးကို အရက်မူးရူးတဲ့ တန်ခူလ်းနာဂ အမျိုးသား ၃ဦးက ဝိုင်းဝန်းနှောက်ယှက်ခဲ့လို့ ပြန်လှည်ခုခံရာကနေ တင်းမာမှု စတင်ဖြစ်ပွားခဲ့တာလို့ ဒေသသတင်း အချက်အလက်များအရ သိရပါတယ်။
အဲဒီလို လူမျိုးစုနှစ်ခုကြား တင်းမာမှုဖြစ်ပွားနေတာကြောင့် အပြန်အလှန် လူနေအိမ်များမီးရှို့ ဖြစ်ပါးခဲ့ပြီး လူနေအိမ် အလုံး ၂၅လုံး ကျော် မီးလောင်ပြာကျခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ခရိုင်အာဏာပိုင်များက အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး အင်တာနက်လိုင်းများကိုလည်း ၅ ရက်ကြာပိတ်ပင်ထားတယ်လို့ဆိုပါတယ်။
အခုလို လီတန်မှာ လူမျိုးရေးပဠိပက္ခကြောင့် ကူကီး-ဇို ကျေးရွာ ၁၂ ရွာက ဒေသခံပြည်သူ ၈၀၀ ကျော် ဘေးလွတ်ရောထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။
အဲဒီလို ဖြစ်ပွားခဲ့တဲ့ ပဠိပက္ခ ကို ဒေသတစ်ခု၊ ကျေးရွာအခြင်းခြင်းကြား ပဠိပက္ခဖြစ်ပြီး လူမျိုးရေးပဠိပက္ခ အသွင်မဆောင်ဖို့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြရန် ကူကီး-ဇို အရပ်ဘက်အဖွဲ့အစည်းများက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – PR
ဓာတ်ပုံ – လူမှုကွန်ယက်
#အိန္ဒိယ#မဏိပူရ်ပြည်နယ်#ကူကီး-ဇို#နာဂ#Zalen














