တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ၂၀၁ ဦး အမည်စာရင်း UEC ထုတ်ပြန်

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆
Zalen

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်များအတွက် ခန့်အပ်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတွေကို စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ (၃၁) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးပို့တဲ့ တပ်မတော်သားကိုယ်စားလှယ် စုစုပေါင်း ၂၀၁ ဦး ပါဝင်ပြီး UEC မှ စိစစ်အတည်ပြုပြီး ထုတ်ပြန်ခဲ့တာပါ။

Zalen ad

UEC အနေနဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်နှစ်ရပ်အတွက် တပ်မတော်သားကိုယ်စားလှယ်အမည်စာရင်းတွေ ကြိုတင်ထုတ်ပြန်ခဲ့ရာ ဖေဖော်ဝါရီ ၇ ရက်မှာ ပြည်သူ့လွှတ်တော်အတွက် (၁၁၀) ဦး၊ ဖေဖော်ဝါရီ ၈ ရက်မှာ အမျိုးသားလွှတ်တော်အတွက် (၅၆) ဦးတို့ကို အသီးသီး ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ထပ်မံထုတ်ပြန်လိုက်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂၀၁) ဦးစာရင်းဟာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအတွက် နောက်ဆုံးအဆင့် ထုတ်ပြန်ချက်ဖြစ်ပါတယ်။

အဲဒီတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ချင်းပြည်နယ်လွှတ်တော်အတွက် တပ်မတော်သား ကိုယ်စားလှယ် ၄ ဦးပါဝင်ပါတယ်။

ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်စာရင်းများကိုလည်း ကော်မရှင်က ထုတ်ပြန်ထားပြီးဖြစ်၍ လွှတ်တော်အသီးသီး ခေါ်ယူရန် ပြင်ဆင်မှုလုပ်ငန်းစဉ်များမှာ ယခုအခါ ပြီးမြောက်သလောက် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ-ပုံဟောင်း

#UEC#တပ်မတော်သားကိုယ်စားလှယ် #ထုတ်ပြန်#Zalen

နောက်ဆုံးရသတင်းများ

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ဖို့ စစ်ကောင်စီ ပြင်ဆင်

ဇူလိုင် ၃၊ ၂၀၂၆ Zalen ကချင်ပြည်နယ်မြောက်ပိုင်းမှာ တည်ရှိတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လာမယ့် ၈ နှစ်ခန့်အတွင်း အပြီးသတ် တည်ဆောက်သွားဖို့ စစ်ကောင်စီက ရည်မှန်းချက်ထားရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ စီမံကိန်းကို ပြန်လည်စတင်ဖို့ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ရဲ့ ...

ဆက်ဖတ်ရန်