ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၆
Zalen
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဇန်ဇောလ်ကျေးရွာ ကို ဖေဖော်ဝါရီ ၁၅ ရက် မနေ့ည ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်ဇောလ်ရွာမှာ တိုက်ပွဲဖြစ်တာမရှိပဲ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ရွာအတွင်းကို နှစ်ကြိမ် ဆက်တိုက် ဗုံးချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဗုံးအရှိန်ကြောင့် နေအိမ်တချို့ ပျက်စီးသွားပြီး လမ်းမပေါ်က ကားတစ်စီးလည်း အရှိန်ပြင်းလွန်းတာကြောင့် လွင့်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။
အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေဟာလည်း ကြောက်လန့်စိုးရိမ်မှုတွေနဲ့ ညအိပ်မရဘဲ နေရတယ်လို့ ပြောပါတယ်။
ဇန်ဇောလ်ကျေးရွာဟာ မွှာလ်ဘင်းကျေးရွာအုပ်စု အတွင်း ပါဝင်ပြီး တိုက်ပွဲပြင်းထန်နေတဲ့ ဖလမ်းမြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။
အခုတိုက်ခိုက်မှုဟာ ဇန်ဇောလ်ကျေးရွာအပေါ် ဒုတိယအကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ကလည်း ဇန်ဇောလ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။
Helen
ဓာတ်ပုံ-လူမှုကွန်ယက်
#တီးတိန်မြို့#စစ်ကောင်စီ#ဗုံးကြဲ#Zalen

















