မီဇိုးယာဉ်မောင်းသေဆုံးမှုကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကို နှစ်လ ပိတ်မည်

ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာကို ကုန်ပစ္စည်းသွားပို့ရင်း မီဇိုးယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ ခြင်းနဲ့ပတ်သက်လို့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို နှစ်လကြာပိတ်သွားမယ်လို့ လောင်တလိုင် ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားပါတယ်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့၊ AOC ရပ်ကွက်မှနေထိုင်တဲ့ ဦးလာလ်ရမ်ဆန်းနာ ( Lalramsanga) ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ရှင်းလက်ဝကိုကုန်ပစ္စည်းသွားပို့ရာကနေ ပျောက်ဆုံးသွားပြီး ဖေဖော်ဝါရီ လ ၁၅ ရက်မှာ သေဆုံးလျက်ပြန်တွေ့ခဲ့ကြတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက မနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ သတင်းဌာနများနဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကိုနှစ်လကြာပိတ်သွားမှာဖြစ်ကြောင်းပြောကြားထားပါတယ်။

Zalen ad

ဒီအမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုအမျိုးမျိုးပြုလုပ်လျက်ရှိကြောင်း၊ ဒီပြစ်မှုကျူးလွန်သူများက နိုင်ငံခြားသား များဖြစ်ရင်လည်း သူတို့နဲ့ထိုက်သင့်တဲ့အပြစ်ပေးနိုင်ဖို့ ကြိုးစားနေကြောင်းပြောကြားထားပါတယ်။

အလားတူ လောင်တလိုင်ခရိုင်ရဲမှူး PC Lalchunglura က ဒီအမှုကိုလူသတ်မှုအဖြစ်အမှုဖွင့်ထားပြီး အမှုမှန်ပေါ် ပေါက်နိုင်ရန် အတက်နိုင်ဆုံးကြိုးစားနေကြောင်း၊ CYLA နဲ့ MTP စတဲ့လူငယ်အဖွဲ့အစည်းများနဲ့လည်း ပူးပေါင်း ဆောင်ရွက်မှု အားကောင်းကောင်းနဲ့လုပ်ဆောင်နေကြောင်းပြောကြားထားပါတယ်။

လက်ရှိမှာ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်ကပြည်သူများဟာ အများအားဖြင့် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင် နဲ့ ရှာဟာ ခရိုင်များမှာ အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနဲ့ စက်သုံးဆီများကို ဝယ်ယူတင်ပို့လျက်ရှိ တာကြောင့် လမ်းပိတ်ဆို့မှုကြာမြင့်လာပါက ကုန်ပစ္စည်းပြတ်လပ်မှု၊ ကုန်စျေးနှုန်းမြင့်တက်မှုများနဲ့ကြုံတွေ့နိုင် ပါတယ်။

သတင်း – Mickey

ဓာတ်ပုံ-လူမှုကွန်ယက်

#မီဇိုး#နယ်စပ်#လမ်းပိတ်#နှစ်လ#Zalen

နောက်ဆုံးရသတင်းများ

လေကြောင်းအန္တရာယ် ကြိုတင်သတိပေးမည့် ဝေဟင် ကင်းထောက် စနစ် စတင်အသုံးပြုနိုင်ပြီ

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေက ကြိုတင်ကာကွယ်နိုင်ရေးအတွက် လေယာဉ်ဖြတ်သန်းမှုရှိပါက ဖုန်းမှာ အလိုအလျောက် Alarm မြည်ပေးမည့် “Waihin Scout” သတိပေးစနစ်ကို Waihin Scout channelမှ လူငယ်ကင်းထောက်အဖွဲ့က ...

ဆက်ဖတ်ရန်