ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆။
Zalen

အိန္ဒိယနိုင်ငံ New Delhi မြို့၊ Janakpuri west ရှိ မြန်မာချင်းဒုက္ခသည်အများစုနေထိုင်တဲ့ Sitapuri Part-1 အနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၇ရက် ည ၇း၃၀နာရီအချိန်ခန့်က ကလေးခိုးဖို့ကြံရွယ်မှုဖြစ်စဉ်တခု ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံမှ သိရှိရပါတယ်။
အဆိုပါဖြစ်စဉ်တွင် ကလေးခိုးဖို့ကြံရွယ်နေသူ သံသယရှိသူကို ကလေးအားဖမ်းခေါ်ရန်ကြိုးစားနေစဥ်မှာပဲ ဒေသခံပြည်သူများက သတိပြုမိကာ ကလေးကိုဝိုင်းဝန်းတားဆီးကာကွယ်နိုင်ခဲ့သော်လည်း ကလေးခိုးဖို့ကြံရွယ်နေသူကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၈း၃၀ ခန့်အချိန်ကလည်း မြန်မာ ချင်းဒုက္ခသည်အများစုနေထိုင်တဲ့ အဆိုပါနေရာအနီးရှိ Aryabal ကျောင်းအနီးတွင် ကလေး ၁ ဦးအား ခေါ်ဆောင်ရန် ကြိုးစားခဲ့တဲ့ ဖြစ်စဉ်တရပ်လည်း ဖြစ်ပွားခဲ့ပါတယ်။
၎င်းဖြစ်စဉ်တုန်းကလည်း သံသယရှိသူတယောက်ကို ဒေသခံများကဖမ်းဆီးနိုင်ခဲ့ပြီး နောက်တယောက်ကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရှိရပါတယ်။
နယူးဒေလီမြို့တွင် ပြီးခဲ့တဲ့ လပိုင်းများအတွင်း ကလေးငယ်ပျောက်ဆုံးမှုသတင်းများ ထွက်ပေါ်ခဲ့ခြင်းနဲ့ ယခုလို ဖြစ်ရပ်တွေကြောင့် မိဘများအနေဖြင့် သားသမီးများကို အနီးကပ်ကြည့်ရှုစောင့်ရှောက်ရန်နှင့် တဦးတည်း သွားလာခွင့် မပြုရန် New Delhi မြို့တွင် ရောက်ရှိနေထိုင်ကြသည့် မြန်မာ ချင်းဒုက္ခသည်များဆိုင်ရာ ကွန်မြူနတီ အသီးသီးတို့က တိုက်တွန်းထားပါတယ်။
ယင်းကဲ့သို့သော အရေးပေါ်ဖြစ်ရပ်များ ပေါ်ပေါက်လာပါက မိဘများအနေဖြင့် အရေးပေါ်ဖုန်းနံပါတ် ၁၁၂ နှင့် ၁၀၉၃ (NE) များကို ဆက်သွယ်နိုင်ရန် သိမ်းဆည်းထားကြဖို့လည်း အသိပေးထားပါတယ်။
သတင်း-မိုင်နွေဦး
ဓာတ်ပုံ-Sangneu Sangneu Facebook
#NewDelhi #Sitapuri #မြန်မာချင်းဒုက္ခသည်#ကလေးသူခိုး#Zalen

















