ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။
Zalen

ဒီနေ့ကျရောက်တဲ့ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံပြိုကွဲစေမည့် အဖျက်လုပ်ရပ်များကို သတိပြုရန် သဝဏ်လွှာပေးပို့ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းနဲ့ ဟားခါးကြားရှိ Zalai၊ Taal၊ Laikua၊ Tlangzar leh Thlanrawn ကျေးရွာများမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက် နံနက် ၉:၀၀နာရီကျော်အချိန်ခန့်တွင် Y-12 လေယာဉ်ဖြင့် ဗုံးများ အများအပြားကြဲချခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။
ဒေသခံတဦးကတော့ အဆိုပါဗုံးကြဲမှုနဲ့ပတ်သက်ပြီး “တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး ဘာကြောင့် ခုလိုဗုံးကြဲနေလည်းတော့မသိဘူးလို့ “ ဆိုပါတယ်။
“ဒီလိုလုပ်တာက ချင်းအမျိုးသားနေ့မို့များလား ကျနော်တို့လည်း မသိတော့ပါဘူး ဆိုပြီ “နောက်ဒေသခံတဦးက ဆိုထားပါတယ်။ ဗုံးကြဲလို့ ထိခိုက်မှုရှိ မရှိတော့ အသေးစိတ်ကို မသိရှိရသေးဘူးလို့” Zalen ကိုပြောပါတယ်။ သက်ဆိုင်ရာနယ်မြေပြောရေးဆိုခွင့်ရှိသူများအား ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါသဖြင့် Zalen အနေဖြင့် သီးခြားအတည်ပြုနိုင်တာမရှိသေးပါ။
ထို့ပြင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ညပိုင်းတွင်လည်း Sumhrang ကျေးရွာအား ဂျက်ဖိုက်တာဖြင့် နံနက် ၄:၀၀ ခန့်တွင် ဗုံး ၄ လုံး ကြဲချခဲ့တယ်လို့သိရပါတယ်။
ဟားခါးမြို့နယ်၊ ၊ ကျင်ခွါကျေးရွာ ( Cinkhua ) နဲ့ ဇိုခွါကျေးရွာ (Zokhua) များကိုလည်းအကြမ်းဖက်စစ်တပ်က လေကြာင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဇိုခွါကျေးရွာမှာ လူနေအိမ်ပျက်စီးမှုရှိပြီးလူအထိအခိုက်မရှိကြောင်း၊ ကျင်ခွါကျေးရွာမှာ လူနေအိမ်အချို့ပျက်စီးတဲ့အပြင် ပြည်သူ ၃ ဦးဒဏ်ရာရပြီး ၁ ဦးမှာစိုးရိမ်ရကြောင်းသိရပါ တယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာလည်း ထန်တလန်မြို့နယ်၊ တလန်ခွါကျေးရွာကို လေကြောင်းကနေဗုံးကြဲခဲ့လို့ ဒေသခံ အမျိုးသား ၆ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကြပါတယ်။
သတင်း-မိုင်နွေဦး
ဓာတ်ပုံ-ပုံဟောင်း
#ဖလမ်း-ဟားခါးကြား#Y-12#Zalen
















