ဖလမ်းမြို့နယ်တိုက်ပွဲ‌တွင်းမှာ စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးပြီး ဖမ်းမိသူ ၄၀ ကျော်ရှိ

မတ် ၁၀၊ ၂၀၂၆

Zalen

Zalen ad

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကစပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့၀င်၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၂၅၀ ကျော် ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၄၀ ကျော်ရှိခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ်၂,၅၀၀ ကျော်ပြုလုပ်ခဲ့ပြီး အရပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ၃၀ ဦးက ဒဏ်ရာရခဲ့ပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဘုရားကျောင်းနဲ့ ဆေးရုံတွေအပါအဝင် အဆောက်အအုံ ၆၀ကျော် ပျက်စီးခဲ့ပြီး စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းက စပြီး စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့ နေအိမ်မီးရှို့တာတွေကို ခပ်စိပ်စိပ် ပိုပြင်းထန်လာတာတွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်က ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အင်အား တစ်ထောင် ကျော်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ်ဝင်ပေါက်တွေကဆင့် စစ်ကြောင်း လေးခွဲကာ ထိုးစစ်ဆင်နေတာပါ။

တိုက်ပွဲတွေကြောင့် ဖလမ်းမြို့နယ်မှာ ကျေးရွာ ၂၇ ရွာမှ ဒေသခံ ၈၅ ရာခိုင်နှုန်း ကျော်ဟာ စစ်ဘေးရှောင်နေကြပြီး ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေပါတယ်။

ချင်းရေးရာအဖွဲ့က စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (IHL) ကို လေးစားမရှိကြောင်း နဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပေါ် အပြည်ပြည်ဆိုင်ရာ စုံစမ်းမှုများလုပ်ဖို့ လိုအပ်တယ်လို့ အထူးတောင်းဆိုထားပါတယ်။

ဓာတ်ပုံ – ဖလမ်းမြို့တွင်းနဲ့ ကျေးရွာအချို့စစ်ကောင်စီရဲ့​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးခဲ့ရ​သော ပုံများဖြစ်သည်။

Helen

#Photocrd

#ဖလမ်းမြို့#စစ်​ကောင်စီ#လေ​ကြောင်းတိုက်ခိုက်မှု#ICA#Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင်းနဲ့ ဆူးရ်ဘုမ်လေဆိပ်ကို အကြမ်းဖက်စစ်​ကောင်စီတပ်များပြန်လည် ရယူ၊ မြို့အနီးစစ်ရေးတင်းမာနေဆဲ

ဧပြီ ၂၅၊ ၂၀၂၆Zalen ဖလမ်းမြို့တွင်းနဲ့ ဆူးရ်ဘုန်​လေဆိပ် ပြန်လည် ရရှိ​ရေးတွက် အကြမ်းဖက်စစ်တပ်ဟာ မနေ့က ညပိုင်း ၁၀:၃၀ချိန်ထိအောင် ပြင်းထန်တဲ့ လေကြောင်းထိုးစစ်များပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ ဧပြီ ၂၅ရက် ဒီနေ့ မနက်ပိုင်းမှာတော့ ဖလမ်းမြို့သို့ ဝင်ရောက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။ ...

ဆက်ဖတ်ရန်